အချစ်ဆိုသော ထိုအရာ. 24

2.2K 146 0
                                    

" အဓိက.  ဒီမနက်ပဲငါ့ဆီကိုမင်းအဖေလာသွားတယ်၊ မင်းမရောက်ခင်လေးတင် ရှေ့ဆင့်နောက်ဆင့်ပဲ.. "

ကိုနိုင့်စကားကြောင့် သူထူးဆန်းစွာလှည့်ကြည့်မိလိုက်သည် ။

" ဘယ်ကအဖေလဲ ကျွန်တော့မှာအဖေမှမရှိတော့တာ.. "

" မရှိတော့တဲ့အဖေမဟုတ်ဘူးကွာ... ရှိတဲ့အဖေ….ရှိတဲ့အဖေ "

ဦးမြတ်မိုးလွင်ကိုပြောနေတာလား။ မဖြစ်နိုင်တာ...  သူထွက်လာတည်းက မေမေနဲ့ပဲတစ်ခါတစ်ရံသွားတွေ့ဖြစ်ပြီး အဲ့ဒီလူကြီးကို သူအတွေ့မခံခဲ့တာ သူကဘာလို့ရောက်လာတာလဲ။

"ဘာပြောသွားသေးလဲ...."

" မင်းကွာ...တော်တော်နေနိုင်တဲ့ကောင်
ငါ့ကိုတောင်မပြောပဲ ထိန်းသိမ်းထားတယ် မင်းမှာဒီလိုအဖေမျိုးရှိနေတာ...."

" အဖေမဟုတ်ပါဘူးဆိုဗျာ...မေမေ့ယောက်ျားပါ….သူက ဘာလာလုပ်တာလဲ "

သူစိတ်တိုလာသလို ခပ်ဆတ်ဆတ်မေးလိုက်တော့မှ ကိုနိုင်တွေးဆဆပုံစံဖြင့်....

" ဘာမှတော့ပြောမသွားဘူး၊ မင်းအကြောင်းတွေမေးလို့ငါပြောပြလိုက်တယ်  "

" ဘာတွေပြောလိုက်တာလဲ "

" အကုန်.... "

"  ဘာ...ဘာကိုအကုန်လဲ၊ ကိုကို့အကြောင်းပါလား  "

အဓိကထိတ်လန့်တကြားမေးမိသည်။

" အေးလေ... သူကအကုန်ပြောဆိုမှတော့ ငါကပြောရတာပေါ့ "

" ဟ. သူပြောခိုင်းတိုင်းပြောစရာလားဗျ... ကိုနိုင်ကအုံးစားပြန်ပြီဗျာ ... ပြီးတော့ဘာပြောသွားသေးလဲ "

" ပြောသွားသေးတယ်.....သူ့ကိုလာတွေ့ပါတဲ့..လာမတွေ့ရင်မင်းကောင်လေးရဲ့ရှေ့ရေးကို အာမမခံဘူးလို့ပြောခိုင်းသေးတယ်"

" ဘာ....တောက်လာပြန်ပြီနောက်တစ်ယောက်..."

"အော် အဓိက... အဓိက... ငါမင်းကိုပြောဖို့မေ့နေတာ တစ်ခုရှိသေးတယ် "

သူမျက်မှောင်ကြုံ့ပြီး လှမ်းကြည့်လိုက်တော့ ကိုနိုင်မရဲတရဲဖြင့်

" မင်း Sunshine ရိုက်ခါစက. ငါ့ကို ဦးကောင်းကြွယ် အကြောင်းစုံစမ်းခိုင်းထားတာလေ…အဲ့ဒါ...."

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now