အချစ်ဆိုသော ထိုအရာ.05

2.9K 228 2
                                    

ပြုံးစိစိနှင့်ဝင်လာသော တာရာ့ကိုမြင်သည်နှင့် ရဲရင့်အပြေးအလွှားအနားရောက်လာပြီး မေးလေတော့သည် ။

"တာရာ အခြေအနေဘယ်လိုလဲ
ဟိုငချေကောင်နဲ့ မင်းအဆင်ပြေရဲ့လား "

တာရာသူ့ရဲ့ယုန်သွားလေးတွေပေါ်အောင်ပင် ပြုံးလိုက်မိသည်။ ငချေကောင်တဲ့လေ ဒါအဓိကကို ကွယ်ရာမှာခေါ်ကြတဲ့နာမည်ဖြစ်သည်။

"မင်းတို့ပြောနေသလောက်လဲ မဆိုးပါဘူးကွာ …ကလေးလေးပါ ဖြူစင်ပါတယ် "

"အေး အေး မင်းတစ်ယောက်ပဲ အဲ့ငချေကောင်ကို ကလေးလေးလိုဖြူစင်တယ်ပြောသေးတယ်၊ သူနဲ့ ဆက်ဆံဘူးတဲ့လူတိုင်းကတော့ သူ့ရဲ့တုတ်ထိုးအိုးပေါက်အပြောတွေကြောင့် အောင့်သက်သက် ခံစားခဲ့ရသူတွေ မနဲဘူး"

"အော် အဲ့တာ သူ့ကိုဘာတွေသွားမေး သွားပြောလို့လဲမှမသိတာ "

သူ ရေခဲသေတ္တာဆီလျှောက်သွားရင်း ရေတစ်ခွက်ငှဲ့သောက်ကာ ပြောလိုက်မိသည် ။

" ဟာ တာရာ မင်းကဒီကောင်နဲ့ဒီနေ့မှ တစ်ခါပဲတွေ့လာရသေးတယ် လေသံတွေက သူ့ဘက်ကပါလားကွ၊ ဘာလဲ မင်းကို တော့သူ ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်တယ်လား "

ရဲရင့်အမေးကြောင့် တာရာ့အာရုံထဲ ကလေးငယ်လေးသဖွယ် အော်ဟစ်ရယ်မောနေသည့် အဓိကပုံရိပ်လေးပေါ်လာသည် ။

" အင်း အဆင်ပြေပါတယ် မင်းတို့ပြောနေသလောက်လဲမဆိုးပါ....ကဲ ငါ နားတော့မယ် ဘိုးတော်ကတော့ ငါ့ကိုပွားတော့မှာပဲ သူ့ show ကြပ်တဲ့ ရာသီနဲ့ငါဒီကားမှာပါခွင့်ရသွားတာနဲ့ သူငါ့ကိုအနားတော့ပေးမယ်မထင်ဘူး မတတ်နိုင်ဘူးကွာ၊ ငါဒီကားကိုတော့ လက်လွတ်မခံနိုင်ဘူး၊ အဲ့တော့ ငါအချိန်လေးရှိတုန်းအားမွေးလိုက်အုံးမယ် "

ပြောရင်း သူ့ပခုံးကိုခပ်ဖွဖွပုတ်၍ ထွက်သွားသော တာရာ့ကျောပြင်ကိုကြည့်ရင်း ရဲရင့်တစ်ယောက်သက်ပြင်းဖွဖွချမိသည် ။

တာရာဆိုသောသူ့သူငယ်ချင်းလေးသည် အင်မတန် စိတ်သဘောထားကောင်းပြီး နူးညံ့သော အေးဆေးလွန်းသော
ကောင်လေးတစ်ယောက်ဖြစ်သည် ။ တစ်ခါတစ်ရံ စိတ်တိုဒေါသကြီးတတ်သည်ကလွဲပြီး အချိန်တော်တော်များများတွင် အနေအေးသော ကောင်လေးဖြစ်သည် ။
ဒါကြောင့်လဲ boss ကသူ့ကိုဆိုနိုင်စားနေတာ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now