အချစ်ဆိုသော ထိုအရာ. 02

4.4K 283 5
                                    

တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့တစ်လှမ်းချင်း လှမ်းဝင်လာနေသော ပုံရိပ်တစ်ခု ကြောင့် အခန်းတွင်းရှိလူအားလုံး၏ အာရုံတို့က ထိုပုံရိပ်ပိုင်ရှင်ထံရောက်သွားရသည်။

5’11” ခန့်ရှိသောအရပ်နှင့် ဖြူဖြူသွယ်သွယ် ကိုယ်ဟန်အနေအထားရှိသောထိုလူငယ်လေးသည် မျက်နှာလေးက လှပသေသပ်သော ပန်းချီစုတ်ချက်တွေလို
မျက်လုံးမှေးမှေးလေးက မာနကြီးသော အရိပ်အ​ယောင်ကိုပိုမိုပေါ်လွင်အောင် ပံ့ပိုးပေးထားသယောင် စူးရှရှရှိနေလေသည်။

နှာတံဖြောင့်စင်းစင်းလေးက အဖျားမှာလုံးဝန်းသွားကာ ပုံသွင်းထားသလားထင်ရအောင် လှပလွန်းသည်။ နှုတ်ခမ်းအစုံ ကတော့ ကလေးငယ်တစ်ယောက်ရဲ့နှုတ်ခမ်းလေးတွေလို ကြည်လင်နုရွနေပြီး နှုတ်ခမ်းသားလေးတွေက မှန်သားပြင်လိုဖောက်ထွင်းမြင်နေရသယောင် အသဲယားစရာကောင်းလွန်းလှသည်။

သိုပေမဲ့ လှပတဲ့နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားပုံက ဘယ်သူနဲ့မှစကားအပိုမပြောချင်ဘူးဆိုသည့် ထီမထင်ဒီဇိုင်းဖြစ်နေခဲ့သည်။

သူ့အကြည့်စူးစူးတို့က Judge ခုံမှာထိုင်နေတဲ့ မမီနှင့် ဒါရိုက်တာထံသို့သာ စူးစိုက်လျှက်ရှိနေခဲ့သည်။

"ဟော ဘိုဓိ လာ"

မမီထံ မှ စတင်နှုတ်ဆက်သံကြားပြီးနောက် ထိုလူငယ်လေးထံမှ မူပိုင်မထိတထိပြုံးလေးကို အခန်းတွင်းရှိလူတွေထဲမှ တစ်ယောက်သောသူက လှစ်ခနဲမြင်လိုက်ရသည်။

"ကဲ ဒါဒါကြီး ဘယ်လို ထင်လဲ"

မမီက ဒါရိုက်တာကိုမေးငေါ့ပြီးမေးလိုက်သည် ။ နှုတ်ခမ်းထက်ကအပြုံးတို့က ကျွန်မပြောတာ ယုံပြီလားဆိုသည့်ပုံစံနှင့် ဂုဏ်ဆာနေသေးတာ။

" အင်း အပြင်မှာသေချာတွေ့လိုက်တော့မှဓာတ်ပုံထဲကနဲ့ တော်တော်လေးကွာနေတယ်၊ ဓာတ်ပုံထဲမှာက လူငယ်အရမ်းဆန်ပြီး အသက်ကလဲငယ်သေးတော့ အပြင်မှာသူ့ပုံစံ အနေအထားက ဒီလောက်တည်ငြိမ် မယ်မထင်ခဲ့ဘူးလေ.... ဟား…ဟား…

လာ ညီလေး... ထိုင် ...မင်းကို အကိုက ဓာတ်ပုံနဲ့ရွေးတုန်းက ငယ်လွန်းတယ် ရုပ်လေးကနုတယ်ဆိုပြီး ပယ်ထားတာ
မင်းရဲ့မမီက မင်းကို audition မှာတွေ့ကြည့်ပါဆိုလို့

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now