အချစ်ဆိုသော ထိုအရာ.26

2.2K 134 0
                                    

ရုတ်တရက် ရှယ်ယာရှင်အစည်းအဝေးဆိုပြီးထလုပ်သဖြင့် ဦးကောင်းကြွယ်တစ်ယောက် ယောက်ယက်ခတ်နေလေတော့သည်။ ဦးမြတ်မိုးလွင်က သူ့ company မှာ ရှယ်ယာအများဆုံး ထည့်ဝင်ခဲ့တော့သူ့လောက်ပျော်တဲ့သူမရှိခဲ့ပေ။

ဟုတ်တယ်လေ ဒီလောကဒီလုပ်ငန်းအကြောင်းဘာမှမသိတဲ့ စိတ်မဝင်စားတဲ့ လူတစ်ယောက်က ရှယ်ယာတွေအများကြီးထည့်ဝင်ပြီး လှည့်ပင်မကြည့်ပဲပြစ်ထားတာ  သူ့အတွက်ကတော့ သူတောင်းစားရွာ ဆန်လှည်းမှောက်သလိုပဲလေ။ သဘောရှိကိုခြယ်လှယ်ခွင့်ရနေတာ။

အခုတော့ရုတ်တရက်ကြီး ရှယ်ယာရှင်အစည်းအဝေးတဲ့လား။ ဘာမှတော့အထွေအထူး မဟုတ်လောက်ပါဘူးလေ။
အစည်းအဝေးခန်းထဲသို့ သူရောက်တော့  company ဒါရိုက်တာအဖွဲ့ဝင်လူအချို့နှင့်  ဦးမြတ်မိုးလွင်ကရောက်နှင့်နေပြီ။

" ကဲ လာဗျာ.. ဦးကောင်းကြွယ်  ထိုင်... "

" ဟုတ်ကဲ့ ကိုမြတ်မိုး..  ရုတ်တရက်ကြီး ရှယ်ယာဝင်အစည်းအဝေးခေါ်လို့ ဘာအရေးကိစ္စများပါလဲဗျာ...."

သူဝင်ထိုင်ရင်းမေးလိုက်မိသည်။

" ဒီလိုဗျ  ကျုပ်ကဒီလုပ်ငန်းမှာ ရှယ်ယာသာဝင်ထားတာလေ ခင်ဗျားတို့လဲသိတဲ့အတိုင်းပဲ ကျုပ်နဲ့အလှမ်းဝေးတဲ့ အလုပ်တွေမဟုတ်လား... တစ်ကယ်တော့ဒီရှယ်ယာတွေက ကျုပ်သားအတွက်ကျုပ် ဝယ်ထားပေးတာဗျ.... သူကဒီအနုပညာလောကထဲကပဲလေ...."

" ဗျာ....ကိုမြတ်မိုးသားကဒီလောကထဲက ဟုတ်လား.... ဘယ်သူများပါလိမ့်ဗျာ......"

" ခဏနေရင် ရောက်လာပါလိမ့်မယ်.... "

အားလုံးကတအံတသြဖြစ်နေကြသည်။
ကိုမြတ်မိုးလွင်မှာ မယားပါသားတစ်ယောက်ရှိသည်ဆိုတာတော့သိထားသည်။  ဒါပေမဲ့ ငယ်ငယ်ထဲကအိမ်ကထွက်သွားပြီး ဆိုးသွမ်းသည်ဟုသာကြားဘူးသည်။
ဘယ်သူဘယ်ဝါရယ်လို့ တစ်ဦးတစ်ယောက်မှမသိမမြင်ဘူးကြပေ။
အခုတော့ အနုပညာလောကထဲကဆိုပါလား ။ ဘယ်သူများပါလ်ိမ့် ။

အတွေးတို့ကိုအလုပ်ပေးနေဆဲ  အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့် အားလုံးမော့ကြည့်လိုက်တော့...
အနောက်တိုင်းဝတ်စုံ အနက်ရောင်ဝမ်းဆက်နှင့် ရှည်လျားသောအရပ်၊ ဖြူဖွေးသော အသားအရည်၊ ချောမောလွန်းသော မျက်နှာထက်မှာ ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတို့နှင့် ထီမထင်အကြည့်တို့က သူတို့မြင်တွေ့ဖူးနေကျပုံရိပ်တစ်ခုပဲလေ။ သူတို့နဲ့လုံးဝကိုမစိမ်းသော ပုံရိပ်တစ်ခုဖြစ်သည်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now