အချစ်ဆိုသော ထိုအရာ. 28

2.3K 149 0
                                    

ဒီရက်ပိုင်းသူနှင့်အဓိက ခဏခဏအပြင်ထွက်နေတာတောင် ဦးကောင်းကြွယ်ဆီက ဘာတုန့်ပြန်မှုမလာ။ ဘယ်လိုခြိမ်းခြောက်မှုမျိုးမှ ထပ်မလာသဖြင့် တာရာ့အံ့သြနေမိသည်။ သူ့တို့နေ့တိုင်းသွားနေတာ မသိပဲတော့နေမှာမဟုတ်။ဘာလို့ငြိမ်နေတာပါလိမ့်။

ဒီလူကြီးဘာတွေအကြံထုတ်နေလဲမသိပေ။ မဟောင်တဲ့ခွေးက ဟောင်နေတဲ့ခွေးထက် ပိုကြောက်ရတယ်မဟုတ်လား။ သတိမထားမိခင် ဘယ်အချိန်ထဆွဲမလဲ မသိရတာလေ။

အဓိကကလဲ အခုတစ်လောဘာကိုမှဂရုမစိုက်သယောင် ပိုပိုပြီးအတင့်ရဲလာသည်။  ပြောသာပြောတယ် အဓိကတို့ကကောလဟာလတစ်ခါထွက်လာပြီးရင် တစ်ခါပိုပြီး နာမည်ကြီးကာ ပရိတ်သတ်ပိုတိုးလာတတ်တာ။

အခုအချိန်ထိ ဦးကောင်းကြွယ်လုပ်နေခဲ့သမျှက အဓိကနာမည်ပိုကြီးစေဖို့အကြောင်းတွေသာဖြစ်လာခဲ့သည်။ သူကသာ စိတ်တွေအပူလွန်ပြီးစိုးရိမ်နေတာ အဓိကကတော့အေးလားဆေးလားပင် တည်ငြိမ်နေလွန်းသည်။ သူမအေးဆေးတာ ကိုယ့်ကိုရစ်ရမဲ့အချိန်ပဲရှိသည်ထင်။

တာရာ ဒီနေ့ Stella နှင့် ကြော်ငြာရိုက်ကူးရေးတစ်ခုရှိသဖြင့် မနက်စောစောထ ပြင်ဆင်ပြီးထွက်လာခဲ့တာ အဓိကဆီအခုချိန်ထိ messageတစ်စောင်မပို့ရသေးပေ။

ကိုယ်တော်ချောလေးဆီ ဘာလုပ်နေတယ် ဘယ်သွားနေတယ် ဘယ်ရောက်နေပြီ စသဖြင့် အမြဲ report တင်နေရသည်။
အလုပ်များလို့ မပြောမိလိုက်လျှင်ပြသနာရှာခံရသည်။

အတွေးနှင့်အတူ ဖုန်းကိုစမ်းလိုက်တော့  ဖုန်းကရှာမတွေ့ပေ။ ဘောင်းဘီအိတ်ထဲ ဘယ်ညာစမ်းလဲမတွေ့။ ကျောပိုးအိတ်ထဲစမ်းလဲမတွေ့။ ကားခုံတွေအောက် လှည့်ပတ်ရှာလဲမတွေ့။အိမ်မှာကျန်ခဲ့ပြီထင်သည်။

ဒုက္ခပါပဲ .....အဲ့တာမှ ပြသနာအကြီးစားဖြစ်သည်။ တစ်နေ့လုံးသာ ဖုန်းဆက်လို့မရလို့ကတော့ အဓိကတို့ဘယ်လိုပင်ပြသနာရှာလေမလဲ တွေးပင်မတွေးရဲပေ။
အခုမှပြန်လှည့်ယူလို့ကလဲမရတော့ လမ်းတွေပိတ်နေသည်။ ရှုတင်နောက်ကျအုံးမည်။ ရှုတင်ရောက်မှပဲ မမီဆီကဖုန်းယူဆက်ပြီး အကျိုးအကြောင်းပြောပြထားရတော့မှာပဲ။

အချစ်ဆိုသော ထိုအရာ  (Complete)Tahanan ng mga kuwento. Tumuklas ngayon