အချစ်ဆိုသော ထိုအရာ. 07

2.8K 207 0
                                    

"Ring.....Ring.....Ring"

ဖုန်းသံကြောင့် တာရာဇာတ်ညွှန်းဖတ်နေရာမှထလာပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။ နံပါတ်က Unknown Number

သူတော်ရုံဆို ဖုန်းနံပါတ်အစိမ်းတွေ မကိုင်ဖြစ်ပေ။ ကိုင်ရမလား မကိုင်ရဘူးလား ဝေခွဲရခက်နေစဉ် ဖုန်းကျသွားလေသည် ။

"တောင်...." ခနဲမြည်သံနှင့်အတူmessage ဝင်လာလို့ကြည့်လိုက်တော့ စောစောကနံပါတ်ပဲဖြစ်နေသည်။
ဖွင့်ဖတ်လိုက်တော့ တွေ့ရတဲ့စာသားကြောင့် အံ့သဩသွားရသည်။

"ဗစ်ဗစ်လေး မနက်ဖန် training သွားရင် ကျွန်တော်ဝင်ခေါ်မယ်နော် "

ဘယ်သူပါလိမ့် ???

တွေးနေဆဲမှာပင် message ထပ်ဝင်လာပြန်သည်။သူ့အတွေးကို လှမ်းမြင်နေသည့်နှယ်...

"ဘိုဓိ "

နှစ်လုံးထဲခပ်တိုတိုပဲ ထပ်ပို့လာသည့် Message ကြောင့် သူအသံထွက်၍ပင်ရယ်မောမိသွားသည် ။

" Ahak. ဒီကလေးကတော့၊ဟုတ်သားပဲ ဟိုနေ့ကထမင်းစားရင်း ငါ့ဖုန်းနံပါတ် ပဲသူယူသွားတာ သူ့ဖုန်းနံပါတ်တော့ ငါ့ကိုမပေးခဲ့ဘဲနဲ့"

အတွေးနှင့်အတူထိုနံပါတ်လေးကို contact list ထဲထည့်လိုက်သည်။

Bo Di 🦁ဟူ၍....

......................

"တီ .....တီတီတီ "

အိမ်ရှေ့မှ အဆင်မပြတ်တီးနေသော ကားဟွန်းသံကြောင့် ရဲရင့်အပြေးထွက်လာတော့ အိမ်ရှေ့မှာကားတစ်စီးရပ်ထားပြီး ဟွန်းကိုအဆက်မပြတ်တီးနေသည်။ ကားမောင်းသူနေရာကြည့်လိုက်တော့ ထင်မှတ်မထားစွာ ကိုချေချေ အဲ့လေ. အဓိကဖြစ်နေသည်။

ရဲရင့်ကြည့်နေဆဲမှာပင် အနောက်မှတာရာ ထွက်လာပြီး အဓိကကားပေါ်တက်၍ ပါသွားလေသည် ။

***သူတို့နှစ်ယောက်က အဲ့လောက်တောင်ရင်းနှီးနေပြီလား ???***

အေးလေ... ရင်းနှီးရင်လဲရင်းနှီးမှာပေါ့ တာရာကအေးတာကိုး သည်းညီးလဲခံတတ်တော့ ဟိုငချေကောင်ကတာရာ့ကို အနိုင်ကျင့်နေမှာပဲစိုးရိမ်ရသည်။ ရဲရင့်စိတ်မချတာ ဟိုကောင်ငချေကောင်သူ့သူငယ်ချင်း ရေခဲတုံးတာရာ့ကို အနိုင်ကျင့်နေမှာကိုပဲ စိုးရိမ်မိသည်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now