အချစ်ဆိုသော ထိုအရာ. 10

2.5K 187 0
                                    

" ဗစ်ဗစ်လေး နေကောင်းလား၊ ဘယ်လိုနေလဲ "

ညကလဲ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီးမေးလို့ဖြေထားရသေးသည်။
အခုလဲ Shotting ရောက်လို့ထိုင်ပင်မထိုင်ရသေး အနားကိုလွှားခနဲရောက်လာပြီး မေးလိုက်သောအဓိကကြောင့် တစ်ဖွဲ့လုံး အာရုံကတာရာ့ဆီရောက်လာ၏။

"အင်း….ကောင်းသွားပြီ မနေ့က နေ့တစ်ဝက် နားလိုက်ရတော့အဆင်ပြေပါတယ်၊ဆေးလဲထိုးထားတယ် အေးဆေး "

ထိုစဉ် ဒါရိုက်တာကြီးအနားရောက်လာပြီး

" တာရာ ဒီနေ့မင်းအခန်းနည်းတယ်၊ အေးဆေးနေနော်၊ မင်းအခန်းမနည်းရင်လဲ ဘိုဓိတစ်ယောက်က ဘယ်လိုတွေပြသနာ ထပ်ရှာအုံးမလဲမသိဘူး ၊ ဟား…. ဟား တစ်ကယ့်ကောင်ကွာ "

ပြောလဲပြောသဘောကျစွာ အော်ရယ်လိုက်တဲ့ ဒါရိုက်တာကြီးကြောင့် တာရာ့ဘေး ကပ်နေတဲ့အဓိက ဖင်ကုတ်ခေါင်းကုတ်နှင့် အပြင်ထွက်သွားလေ၏။

"တာရာ ဒီကောင်လေးက မင်းကိုတော့ တော်တော်ခင်တွယ်သား၊ အရင်ကဆို စကားကို လေးလုံးကွဲအောင်ပြောတာ မဟုတ်ဘူး၊ ဒီရိုက်ကွင်းရောက်မှ စကားတွေကလည်းများ၊ ကဲတာဆိုတာလည်းမနားဘူး မင်းမရှိတဲ့အချိန်တွေဆိုလဲ ငြိမ်နေပြန်ရော
သူ့မှာအခုမှ ဆော့ဖက်ဆော့ဖက်ရသွားသလားပဲ "

အနားရောက်လာတဲ့ မမီဆီကစကားသံကြောင့် သူအဓိကကို လှမ်းကြည့်လိုက်တော့ ထောင့်မှာထိုင်ပြီး ဘယ်သူနဲ့မှလဲ စကားမပြောပဲဇာတ်ညွှန်းဖတ်နေသည်။

သူနေမကောင်းဘူးဆိုလို့ ဒီနေ့ကစားဖို့ လာမခေါ်ဘူးပဲ။ မဟုတ်ရင် ရိုက်ကွင်းကို ကစားကွင်းနဲ့မှားလားထင်ရအောင် ကဲလွန်းလှသည်။ ကိုယ်လဲသူ့အလိုလိုက်ပြီး ဆော့ပေးရင်း အခုဆို shotting မှာ မျောက်လောင်းနှစ်ကောင်ဟူ၍ပင် နာမည်ပင်ရနေချေပြီ။

……………………..

အဓိကတစ်ယောက် တာရာ့ကိုလှမ်းကြည့်လိုက်တော့ သူ့ကိုလှမ်းကြည့်နေတာနှင့်ဆုံသွားသဖြင့် မလုံမလဲတစ်ဖက်လှည့်သွားသော တာရာ့ကိုငေးမောကြည့်နေမိသည်။

သူကငါ့ထပ် အရပ်လေးပဲရှည်တာ။
ပိန်ကလဲပိန်သေးတယ်။ အစားအသောက်ကိုလဲ ဂရုမစိုက်ဘူး။ အမြဲတမ်းမုန့်တွေပဲစားနေတာပဲ အဲ့ဒီလိုပုံနဲ့ ဒီလောက်အလုပ်ပင်ပန်းတာဘယ်လိုခံနိုင်မှာလဲ ။
ဒီကြားထဲသူ့ဘိုးတော်ကြီးကလဲ မနားရအောင်မောင်းသေးတယ်။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now