အချစ်ဆိုသော ထိုအရာ .23

2.2K 145 1
                                    

" အ...... "

နှုတ်ခမ်းထောင့်စွန်းမှ ဆစ်ခနဲနာကျင်မှုနှင့်အတူ သူလူးလွန့်မိလိုက်တော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလေသည်။
သူ့ဦးနှောက်ကို အလုပ်ပေးလိုက်တော့ ညကအဖြစ်အပျက်တွေက ရုပ်ရှင်ပြကွက်တွေလို တစ်ကွက်ချင်းမှတ်ဉာဏ်မှာ ပေါ်လာလေ၏။ သူ့အာရုံမှာ အရင်ဆုံးပေါ်လာတာက သူ့ကျောပြင်ကိုပွတ်သပ်ချော့မြူပေးနေသော ကိုကို့ရဲ့ပုံရိပ်လေး။

ကိုကို....ဘယ်မှာလဲ ကိုကို!!!

သူမျက်လုံးကိုအတင်းဖွင့်ကာ ထထိုင်လိုက်တော့ သူ့ဘေးမှာအိပ်မောကျနေသော ကိုကိုရယ်လေ။ ညကသူ့ကြောင့် ဘယ်လောက်တောင်ပင်ပန်းသွားလဲမသိပေ။ နဖူးပေါ်ကျနေတဲ့ ကိုကို့ဆံနွယ်စလေးများကို သပ်တင်ပေးရင်း ကိုကို့ရဲ့မျက်တောင်မွှေးလေးများကို ဆော့ကစားနေမိသည်။

တိကျသောမေးရိုးတွေနှင့် ပိရိသောနှုတ်ခမ်းလေး။ ထိုနှုတ်ခမ်းလေးကိုပိုပြီး တင့်တယ်စေတာက နှုတ်ခမ်းအောက်နားက မှဲ့လေးဖြစ်သည်။

တစ်စိမ့်စိမ့်ကြည့်လေ. ချစ်လေပါပဲကိုကိုရာ၊ ဒီတစ်ခါတော့ ကျွန်တော့အနားကနေ အကြောင်းပြချက်မရှိပဲ ထွက်သွားခွင့်မပေးနိုင်ဘူးကိုကို။ မဟုတ်ဘူး ... ဘယ်လိုအကြောင်းပြချက်မျိုးပဲ ပေးပေး ထွက်သွားခွင့်မပေးနိုင်ဘူး။

လက်တို့ကမျက်တောင်ဖျားလေးတွေဆီမှ တစ်ဆင့် ချွန်မြဖြောင့်စင်းနေသောနှာတံလေး  ထိုမှတစ်ဆင့်ကိုကို့ရဲ့ နှုတ်ခမ်းပါးလေးများကို ဖြည်းညှင်းစွာထိတွေ့ပွတ်သပ်မိ၏။ နူးညံ့လိုက်တာ။ ကိုကို့ရဲ့နှုတ်ခမ်းလေးတွေက အရမ်းနူးညံ့တာပဲ။

ချစ်ရသူ၏ အိပ်မောကျနေတဲ့ပုံလေးက ကြည့်မဝစွာဖြစ်နေရဆဲမှာပင် သူ့ကြောင့်ကိုကိုနိုးသွားလေသည်။ သူ့လက်ကိုဖမ်းဆုပ်လိုက်သော ကိုကို့ရဲ့လက်တွေထဲကနေ
သူဟန်ဆောင်ပန်ဆောင်ပင်ရုန်းမထွက်မိချေ။ ဟန်ဆောင်ပြီးတောင် ရုန်းမထွက်ချင်ပါဘူးဗျာ။

ချစ်လွန်းလို့ သိမ်းပိုက်မိတာကို အပြစ်မယူပါနဲ့ကိုကို…..အရမ်းချစ်လို့ပါ။
………………………

ချစ်ရသူနှင့် အတူနိုးထရတဲ့မနက်ခင်းကို ဒုတိယအကြိမ်ခံစားမိချိန်မှာတော့  တာရာတစ်ယောက် အချစ်ဆိုတဲ့အရာကို ကောင်းကောင်းကြီးနားလည်သွားပြီဖြစ်သည်။
အချစ်ဆိုတာတစ်ကယ်တော့ စကားလုံးလေးနှစ်လုံးထဲပေမဲ့ သူနဲ့ပတ်သတ်တဲ့ အရာတိုင်းက လေးနက်လှပတယ်လေ။

အချစ်ဆိုသော ထိုအရာ  (Complete)Opowieści tętniące życiem. Odkryj je teraz