အချစ်ဆိုသော ထိုအရာ.25

2.2K 146 1
                                    

သူ့ရှေ့ခုံမှာမှုန်တေတေထိုင်နေတဲ့ အဓိကကိုကြည့်ပြီး ဦးမြတ်မိုးလွင်ကြတ်ပြုံးလိုက်မိသည်။ သိနေတယ်လေ။ ရောက်ကို ရောက်လာမယ်ဆိုတာသိနေတယ်။သူ့ရဲ့တစ်စုံတစ်ယောက်ကိုထိခိုက်မှာ သေလောက်အောင်ကြောက်တဲ့ကလေးမဟုတ်လား။

ဒီကလေးကသာ သူ့ကိုရှိတယ်လို့တောင်မထင်ပဲလာမတွေ့ခဲ့ပေမဲ့ သူကတော့ဒီကလေးမသိအောင်  အမြဲတမ်းသူ့အနောက်ကနေ နေပေးနေခဲ့တာလေ ။
သူ့အမေကိုချစ်တော့လဲ သူ့သားကိုချစ်ပေးရမှာပဲလေ ။

" ပြော.... ဘာကိစ္စလဲ.... လာတွေ့ခိုင်းတယ်ဆိုတာ..... "

သူ့ကိုမော့မကြည့်ပဲမေးလိုကတဲ့ အဓိက။
ဒီကလေးဟာစကားကို ဘယ်တုန်းကမှညင်ညင်သာသာ နားဝင်ချိုအောင်မပြောတတ်ခဲ့ပေ။ သူချစ်တဲ့သူနဲ့တော့ ဘယ်လိုနေမယ်မသိ။

" မင်း....ဘာဆက်လုပ်မယ် စဉ်းစားထားလဲ....ဒီလောက်အခြေအနေတွေဖြစ်နေတာ မင်းမှာမိသားစုရှိသေးတယ်ဆိုတာကော သတိရသေးရဲ့လား။မင်းကတစ်ကောင်ကြွက်မဟုတ်ဘူးလေ။ ငါတို့ကိုလဲ မင်းအကူအညီတောင်းလို့ရပါတယ်ကွ...."

" Ahak....."

အကူအညီတဲ့....  သူအိမ်ကထွက်လာတဲ့ ငါးနှစ်ကျော် ခြောက်နှစ်အတွင်း   အမေ့ဆီကရောထိုလူ့ဆီကပါ ဘာအကူအညီမှပြန်မယူခဲ့တာ သူတို့လဲသိသားနဲ့။ ဘာလို့ဒီစကားတွေ လာပြောနေတာလဲ။ အဓိကဆိုတာသူများနှာခေါင်းပေါက်နဲ့ အသက်ရှုတတ်တဲ့လူမှမဟုတ်တာလေ။

" ဘာကိုအကူအညီတောင်းရမှာလဲ.... 
အခုကျွန်တော်က ဘာဖြစ်နေလို့လဲ....
အခုကဘာလဲ ကျွန်တော့ကိုကူညီချင်လွန်းလို့ ခေါ်လိုက်တာလား ...ထပ်ပြီး ဒုက္ခပေးဖို့လား..... "

" ကျွတ်...အဓိက..... မင်းကငါ့သားပါကွာ..... "

ရော် ခက်ပြီ ...အတင်းတွေတော်စပ်ချင်နေတာပါလား။.

" ဒီမှာဦးလေး .. ကျွန်တော်ကဦးလေးကို ဘယ်လိုသဘောထားတယ်ဆိုတာ ဦးလေးသိပါတယ်နော်၊ ဦးလေးနဲ့ကျွန်တော့အမေရဲ့ပတ်သတ်မှူကို ကျွန်တော်ဘာမှမပြောလိုဘူး၊ ဒါကအမေ့စိတ်စေရာအတိုင်းပဲ
အမေစိတ်ချမ်းသာရင် ကျွန်တော်အဆင်ပြေတယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုပါလာပြီး မစိုးမိုးပါနဲ့ မခြယ်လှယ်ချင်ပါနဲ့ ကျွန်တော့အမေကိုလဲ ကျွန်တော့ဆီကလုယူပြီးပြီ..
အခုထပ်ပြီး ကျွန်တော်ချစ်ရတဲ့သူကိုပါ ဘာလုပ်ချင်တာလဲ "

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now