အချစ်ဆိုသော ထိုအရာ. 22

2.1K 154 3
                                    

ဦးမြတ်မိုးလွင် online မှာ ပလူပျံတက်လာသော သတင်းတွေကိုကြည့်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင်သာ ဆုပ်ထားလိုက်မိတော့သည် ။

Club မှာ ရန်ဖြစ်ကြသည်တဲ့လား၊ ပြီးတော့ဖြစ်တာက ငါးယောက်တစ်ယောက် ။
ဖြစ်တဲ့ကောင်တွေကသူ့တပည့်တွေရဲ့ သားတွေနှင့်။ ဒါမျိုးကဘယ်လိုမှမဖြစ်သင့်တဲ့အကြောင်းအရာတွေ။သူဒီကလေးကိုလွတ်လပ်ခွင့်ပေးထားတာ ဒီလိုတွေဖြစ်လာဖို့မှ မဟုတ်ခဲ့တာ။

အခုတော့ မိုးကို သူ ဘယ်လိုမျက်နှာပြရမလဲမသိတော့ပေ။ အပေါ်ထပ်ကုတ်အင်းကျီကိုထပ်ဝတ်ပြီး Neck Tie ကို​သေသပ်အောင်ပြင်ဆင်ပြီး ပြသနာတွေဖြေရှင်းရန်လှုပ်ရှားရတော့မည်။

………………………………

ရုံးခန်းမှာဧည့်သည်ရောက်နေသည် ဆို၍ ကိုနိုင်အလုပ်တွေ လက်စဖြတ်ကာရုံးကိုအပြေးပြန်လာတော့ အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့လူတစ်ယောက်ကြောင့် အံ့သြထိတ်လန့်ခြင်းကြီးစွာဖြစ်ရလေသည်။

မြတ်စွာဘုရား ....
ဦး.......ဦးမြတ်မိုးလွင်

သူ... သူဘာလာလုပ်တာပါလိမ့်။
မဟုတ်မှလွဲရော မနေ့ကအဓိကနဲ့ရန်ဖြစ်တဲ့အထဲ သူ့သားပါလို့အဓိကကိုပြသနာလာရှာတာလားများလား။

ဝေခွဲမရစွာရင်တထိတ်ထိတ်နှင့် ကိုနိုင်ရေတွေဘာတွေငတ်သလိုခံစားလာရသည်။ ရင်မထိတ်ခံနိုင်မလား။ ဦးမြတ်မိုးလွင်ဆိုတာ ခရိုနီလောကမှာနာမည်ကြီး။ မသိသူမရှိ export ,import company များစွာ မြန်မာ, ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှာပိုင်ဆိုင်ထားပြီး နာမည်ကြီး company ကြီးတော်တော်များမှာလဲ သူ့နာမည်နှင့် ရှယ်ယာတွေကအများဆုံးပိုင်ဆိုင်ထားသည့် အကြီးစားလုပ်ငန်းရှင်တစ်ယောက်။

သူသိထားသည်များက အဖျားအနားသာရှိနိုင်သေးသည်။သူ့ရဲ့ချမ်းသာမှုက ခန့်ပင်မခန့်မှန်းနိုင်ပေ။ ကိုနိုင်ကြားဘူးသည်က ဒီလူကြီးကလူပျိုဖြစ်ပြီး ကလေးအမေ တစ်ယောက်နှင့် အိမ်ထောင်ပြုသွားသည်ဟူ၍ကြားဖူးသည် ။

သူ့ရဲ့မယားပါသားက တော်တော်ဆိုးသည်လို့လဲကြားဘူးထားသည်။ ဘယ်သူဘယ်ဝါရယ်တော့မသိပေ။ သူ့ဘက်ကလဲ တစ်ခါမှပွဲထုတ် ဖော်ပြခြင်းမျိုးမရှိခဲ့ပေ။
မနေ့ကရန်ဖြစ်တဲ့အထဲမှာ သူ့မယားပါသားပါတာသေချာနေပါပြီ။ မဟုတ်ရင်သူ့လိုလူက ကိုယ့်ဆီလာစရာအကြောင်းမှမရှိတာ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now