အချစ်ဆိုသော ထိုအရာ. 08

2.6K 204 0
                                    

အိပ်ရာထက်မှာ ပက်လက်လှန်၍ မျက်နှာကျက်ကိုသာ ငေးမောနေမိသည် ။
ရိုက်ကူးရေးကာလက အခုဆိုနှစ်လကျော်၍သုံးလထဲ ဝင်လာပြီဖြစ်သည် ။

အခုတစ်လော စိတ်နှင့်လူမကပ်ပေ။
Sunshine ရိုက်ကူးရေးရှိသည့်ရက်များတွင် သူပျော်သည် ။ ကိုတာရာ့ကို ဗစ်ဗစ်လေးလို့ခေါ်ပြီး စရ နောက်ရတာ သူ့အတွက်အလွန်ပျော်စရာကောင်းလှသည် ။

အခုဆိုလျှင် ကိုတာရာသည်အရင်လိုသူ့ကိုစိမ်းမနေတော့ပေ။ တစ်ခါတစ်ရံ သူစတာ လက်လွန်သွားလျှင် "ဘိုဓိ"
ဟု အကျယ်ကြီးထအော်တတ်သေးသည်။

ထိုသို့ သူစိတ်ဆိုးသွားတိုင်း အဓိကအရမ်းပျော်သည်။ တစ်ခါတစ်ရံ သူ့ကိုအက လာသင်ခိုင်းတတ်သေးသည်။ ရိုက်ကွင်းနားချိန်များတွင် ထောင့်တစ်နေရာသွား၍
ကိုတာရာ့ကို အကသင်ပေးဖြစ်သည် ။
ထိုအချိန်များတွင် သူ့စိတ်သည်အလွန်ပေါ့ပါးကာ ကလေးတစ်ယောက်လို ရွှင်မြူးနေတတ်သည်။

ဘာကြောင့်လဲ တော့သူမသိ …..
သိလဲ မသိချင်သေး …..
သေချာတာကတော့ ကိုတာရာနဲ့ ရှိတဲ့အချိန်တိုင်းသူပျော်သည်။ ကိုတာရာပြုံးနေတာမြင်ရလျှင် သူ့စိတ်နှလုံးသည် အလွန်တရာ သောအေးချမ်းမှုကို ခံစားသိရှိရသည်။

ကိုတာရာ့အကြောင်းတွေးနေရလျှင် အလိုလို ပြုံးမိလာတတ်သည်။
နေ့တိုင်းနေ့တိုင်း မနက်ခင်းနိုးထလာမဲ့ ရိုက်ကွင်းသွားရမဲ့အချိန်ကိုပဲ မျှော်နေတတ်တော့သည်။ ပင်ပန်းရကောင်းမှန်းလဲမသိတော့ပေ။ တွေးနေရင်းနှင့်ပင် လက်က ဖုန်းဆီသို့အလိုလိုရောက်လေ၏...

…………………..

တာရာတစ်ယောက် အတွေးနယ်ချဲ့ရင်း အဓိကအကြောင်းတွေးမိသည်။ သူ့ကိုဆို ဘာရယ်ကြောင့်မသိ ခင်တွယ်လွန်းနေသောထိုကလေးကို သူလဲခင်ပါသည်။  ဒီကလေးက သူ့ကိုဆိုတစ်ခါတစ်လေဆိုးချင်သည်။  မနာနာအောင်ရိုက်ပြီး သူ့ကိုမအော်အော်အောင်စသည်။
တာရာစိတ်ဆိုးပြီးအော်လျှင် သူအလွန်သဘောကျ၏။

ယခုဆို ရိုက်ကွင်းကလူတွေပင်သိနေပြီဖြစ်သည်။ အဓိကတစ်ယောက် တာရာ့ကိုတွယ်ကပ်လွန်းတာ ရှုတင်တစ်ဖွဲ့လုံးလဲသိနေကြပြီ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now