Ep 1

841 19 4
                                    

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁)

အခန်း_၁ (ပန်းကိုးပွင့်ဒေဝီ )

< ဘီစီ ၆၂၉ ထန်ခေတ် >
∆ မြို့‌တော်ချန်အန်း ∆

" ခင်ဗျားတို့သိတဲ့အတိုင်း အနောက်ဘက်လျန်တိုင်းပြည်ဟာဆိုရင်
ကျုပ်တို့ တာ့ထန်နဲ့စစ်ဖြစ်နေခဲ့တာအတော်ကြာပြီပေါ့
အနောက်ဘက်နယ်စပ်ကိုကျူးကျော်လာတာအခါခါ
ကျုပ်တို့ဘက်က တစ်ကြိမ်တစ်ခါမှအပြတ်အသတ်မနိုင်ဘူးသလို
သူတို့ကလည်း အနောက်ဘက်နယ်စပ်ကိုမကျော်နိုင်ခဲ့ဘူး။
သူတို့ဟာစစ်တိုက်ကျွမ်းပြီး နယ်မြေအများအပြားကိုသိမ်းယူခဲ့ကြပေမဲ့
ကျုပ်တို့တိုင်းပြည်ကို မကျူးကျော်နိုင်ခဲ့တာဟာ
သူတို့အတွက်‌တော့ကျိတ်မနိုင်ခဲမရအဖြစ်လိုမျိုးပဲ။
ဒါကြောင့် ကျုပ်တို့အနောက်ဘက်နယ်စပ်ကိုမကြာခဏကျူးကျော်ရန်စတယ်
အဲ့လိုကျူးကျော်ရန်စတိုင်းနှိမ်နှင်းခဲ့ရတာ ကျုပ်တို့ဘက်က
ပေးဆပ်ခဲ့ရတဲ့အသက်တွေမနည်းမနောပဲ။
ဟော ခုတော့ ကျုပ်တို့တာ့ထန်ကနိုင်ပြီ
နိုင်တာမှအပြတ်အသတ်ကိုနိုင်တာ
လျန်တွေဘက်က စစ်ပြေငြိမ်းဖို့ ငြိမ်းချမ်းရေးတောင်းဆိုလာရတဲ့အထိပဲ။
အဲ့လိုမျိုးဂုဏ်ယူဝင့်ကြွားရအောင် စွမ်းဆောင်ခဲ့တာ ဘယ်သူတဲ့လဲ?
ကျုပ်တို့ရဲ့ဘက်စုံအရည်အချင်းတော်လှတဲ့ လန်ဝမ်ရဲ့ကျေးဇူးတွေ ။
ခုဆိုရင် စစ်ပွဲတွေရပ်တန့်သွားမယ့်အပြင်
ဟိုဘက်ကနေကုန်စည်တွေလဲဝင်လာမစဲတသဲသဲလည်းဖြစ်လာမယ်။
လျန်တိုင်းပြည်ရဲ့ အထွတ်အမြတ်နတ်သမီးကိုတောင်မှအဆစ်ရလာသေးတယ်။
လျန်တွေ ခုလိုမျိုးစစ်ပွဲမှာအောင်နိုင်ရတဲ့အဓိကအကြောင်းအရင်းကို
ပြောရမယ်ဆိုရင်
ရိဟွားစံနန်းက မပါမဖြစ်ပဲ
ရိဟွားစံနန်းက နတ်သမီးရဲ့အကြားအမြင်အကြံပြုချက်ကြောင့်သာ
လျန်တွေဂုဏ်ဆောင်နိုင်တာ
ဟော့ ခုတော့ အဲ့မိန်းကလေးကို
ကျုပ်တို့ လန်ဝမ်က ဓားစားခံအဖြစ်ခေါ်ယူလာနိုင်ခဲ့ပြီ။
ဒါ ဘယ်လောက်တောင်အောင်မြင်မှူကြီးလဲ "

ဤနှယ် စားသောက်ဆိုင်ကြီး၏အပေါ်ထပ်
ဝရန်တာတွင်
အာပေါင်အားရင်သန်သန်ဟောပြောနေသော လူကြီး၏စကားဆုံးသည်နှင့်
စားသောက်ဆိုင်ထဲတွင်မက
လေးဘက်လေးတန်တွင်ရပ်၍နားထောင်နေကြသော
လူအုပ်ကြီးမှ ညာသံပေးကာပြိုင်တူအော်လိုက်ကြလေသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now