Ep 12

268 12 2
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၂)

အခန်း_၁၂(သံယောဇဉ်မြစ်ဖျား )

< နန်းတွင်း၌ >

မင်းကြီး၏နန်းဆောင်မှ ဥယျာဉ်တော်တွင်
လန်ဝမ်မှာ သူ၏ဦးရီတော်မင်းကြီနှင့်စကားလက်ဆုံကျနေလေသည်။
မနက်ခင်းညီလာခံအပြီး၌ မိမိကိုပဲသီးသန့်ခေါ်တွေ၍
ဤဥယျာဉ်တော်၌ စကားစမြည်းပြောဆိုဖြစ်တာ
အကြောင်းအရာကတော့ မေဟွား၏အကြောင်းပင်။
သူ၏သမီးတော် နေရေးထိုင်ရေးအဆင်ပြေလားမည်သို့မည်ဖုံနေ၍
ဘာတွေလုပ်နေသနည်းဟုသိချင်တာ။
လွန်ခဲ့သောရက်တွေက ပြဿနာဖြစ်ပြီးနောက်
မင်းကြီးမှာ မေဟွားကိုစိတ်ပူနေရှာသည်။
သူ၏သမီးတော်ဟူ၍လည်းအတိအလင်းမကြေငြာရဲသေးရာ
ယခုလိုမျိုး နှောက်ယှက်၍စော်ကားမော်ကားအပြောအဆိုခံရသောအခါဝယ်
အင်မတန်မှဒေါသထွက်ကာစိတ်မကောင်းဖြစ်နေလေသည်။

" ဖြစ်နိုင်ရင် သူမကိုအိမ်တော်မှာပဲနေပါစေ
ဘာပြောပြော သူမရဲ့တည်ရှိမှုက
လူအများစိတ်ဝင်စားစရာဖြစ်နေတယ်လေ "

" နားလည်ပါတယ်
သူမလည်း အိမ်တော်မှာပဲနေနေရတော့ပျင်းရှာလို့နေမှာ
ရင်ရှင်း နဲ့ ရန်ကျင်းကလည်းခေါ်နေတော့လေ
နောက် မဖြစ်စေရပါဘူး "

လန်ဝမ်မှာ ထိုင်နေရာမှထရပ်လျက်
ခေါင်းငုံ့ကာအရိုအသေပေးလိုက်ရင်းက
ကတိပေးစကားဆိုလိုက်လျင်
မင်းကြီးမှာ တူတော်၏လက်ကိုဆွဲကာပြန်ထိုင်စေလျက်

" အင်း ငါလည်းသိပါတယ်
ဒါနဲ့ ထျန်းကျင်းက မေဟွားကိုသူ့အစ်မတော်မှန်းသိနေတယ်ဆိုတာ
ဘာအဓိပ္ပါယ်လဲ
မေဟွားကပြောပြတာတော့မဟုတ်တန်ရာ "

ဟုတ်တယ်လေ သူ့သမီးရဲ့စိတ်ဓာတ်ကို မိမိမြင်တွေ့ပြီးပြီ
သူမဘက်ကစတင်ပြီး ဆွေမျိုးစပ်ဖို့တော့မဖြစ်နိုင်။
မေဟွားဟာ
သူမမိခင် ရင်ဟွားနှင့်လည်းမတူသလို မိမိလိုလည်းကြင်နာသနားတတ်သည်မဟုတ်
အင်မတန်မှရက်စက်ပြတ်သား၏။
ရက်စက်ပြတ်သားတာ ဟုတ်သား
မိမိဟာ သူမမိခင်အပေါ်မှာဤသို့ရက်စက်ပြတ်သားခဲ့သည်မဟုတ်လော။
ဒါဆို မေဟွားဟာ မိမိနှင်တူတာပေါ့
ဤနှယ်တွေးမိတော့ စိတ်ထဲဝယ်ကျေနပ်မိသလိုလို။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now