Ep 6

300 16 0
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၆)

အခန်း_၆ ( သွေးချင်းပေမဲ့သူစိမ်းသက်သက်)

" မင်းကြီးကိုဂါဝရပြုပါတယ်
မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ "

" အားလုံးပဲထကြပါ
မောင်မင်းတို့အားလုံးပင်ပန်းသွားရပြီ
တာဝန်ကျေကြပါတယ်
အထူးသဖြင့် ကျန့်ရှီ မင်းပဲ
ပင်ပန်းသွားပြီ "

" မဟုတ်တာပဲ မင်းကြီး
ဒါ ကျွန်တော်မျိုးရဲ့တာဝန်ပါ "

နန်းရင်းပြင်ကနေ ကြိုဆိုပြီးတဲ့နောက်
ဝူယဲ့ အပါအဝင်
ကျန်ရဲမက်တို့မှာ သူတို့၏သက်ဆိုင်ရာမိသားစုဆီသို့
ပြန်သွားကြပြီး
ညီလာခံထဲတွင် သူမရယ် ရီကျန့်ရှီရယ်သာကျန်ခဲ့သည်။
နန်းတော်၏ညီလာခံခန်းမတွင်းရှိ
အမတ်အားလုံးရဲ့မျက်ဝန်းတွေက သူမဆီမှာ
ကောင်းတယ်
တာ့ထန်မင်းကြီး ငါ့ကိုဘယ်လိုဆက်ဆံမလဲစိတ်ဝင်စားမိတယ်
နောက်ဆုံးတော့ ရန်သူ့မျက်နှာကိုအနီးကပ်မြင်ရပြီပဲ
အဟက်ဟက်...
သက်တော် လေးဆယ်ကျော်နေတာတောင်
နုပျိုခံ့ညားနေတုန်းပဲ
ဒါကြောင့်လည်း မိခင်ဖြစ်သူကမြင်မြင်ချင်းသဘောကျသွားတာနေမယ်။
ဒါကြောင့်ပြောကြတာ ရုပ်ချောတဲ့ယောင်္ကျားတွေဟာ
သစ္စာမရှိဘူးလို့။
ဟိုလူလည်းဘာထူး ရုပ်ရည်ကမိန်းကလေးတွေကြွေလောက်တဲ့ရုပ်ရည်နဲ့
အဲ့တာကြောင့် သူမကကြည့်မရတာ။
ရီကျီဖုန်းတူဟာ ရီကျီဖုန်းလိုပဲနေမှာ
ရီမျိုးနွယ်တွေအကုန်လုံး ဒီပုတ်ထဲကဒီပဲတွေပဲနေမှာ။
ထိုအချိန်မှာပင် တာ့ထန်မင်းကြီးကမေလာ၏

" သူမက
မင်းခေါ်လာတဲ့ တာ့လျန်ပြည်က ဓားစာခံဆိုတာလား "

" မှန်ပါ့ မင်းကြီး
ဟေး နှုတ်ဆက်လိုက် "

ရီကျန့်ရှီမှာ သူတို့မင်းကြီး၏မေးခွန်းကိုပြန်လည်ဖြေကြားရင်း
တဆက်တည်း သူမဖက်လှည့်ကာသတိပေးစကားဆို၏။

" တာ့ထန်မင်းကြီးကိုနှုတ်ဆက်ပါတယ် "

" ဒီမိန်းကလေးက ဒူးမထောက်ပဲဘာလုပ်နေတာလဲဟ
အတင့်ရဲလိုက်တာ "

'' မင်းနာမည်ဘယ်လိုခေါ်လဲ
ဘာကြောင့် မျက်နှာကိုဖုံးကွယ်ထားရတာလဲ
ဒါ ကျုပ်တို့ကိုရိုင်းပြတာလား "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now