Ep 13

246 12 0
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၃)

အခန်း_၁၃(နံပါတ်တစ်ရွှေရောင်မြင်းတပ်စခန်း)

" ဒါဆို ရုပ်ဖျက်ပြီးလိုက်ရင်ကော
ယောင်္ကျားလေးလိုလေ "

" ရုတ်တရက်ကြီး
မြင်းတပ်စခန်းကိုဘာလို့လိုက်ချင်ရတာတုန်း "

သူ၏မလိုလားသောအမူအရာကြောင့်လားမသိ
ထိုမိန်းကလေးဟာ စိတ်ကောက်တာလား
ချွဲနွဲ့တာလားမရေရာသောလေသံဖြင့်ဆိုလာသည်မှာ

" အိမ်တော်မှာပဲနေရတာပျင်းလာပြီလေ
နောက်ပြီး တာ့ထန်ရဲ့ရဲမက်တွေကဘယ်လိုမျိုးလည်းသိချင်တာလည်းပါတယ်
အကိုတော်သာလက်ခံရင် ရိယွီနဲ့ပညာဖလှယ်ကြည့်ရင်ကော ဘယ်လိုလဲ? "

ဟုတ်သား
တာ့လျန်က အဆင့်မြင့်ကိုယ်ရံတော်တစ်ယောက်ရဲ့
အရည်အချင်းကဘယ်လိုလဲသိရတာပေါ့။
ဘာပြောပြော ရိဟွားစံနန်းရဲ့သိုင်းပညာကိုလည်းသိချင်နေတာနဲ့အတော်ပဲ
အထူးသဖြင့် မေဟွားရဲ့သိုင်းပညာအဆင့်ကိုပေါ့
ထို့ကြောင့် ခေါင်းညိတ်လျက်သဘောတူလက်ခံလိုက်မိသည်။
သူ၏လက်ခံသည့်အဖြေကြောင့် မေဟွားမှာ
အပြင်သို့သွားရန်
ခြေလှမ်းပြင်နေ‌သောကြောင့် လက်ကိုလှမ်းဆွဲကာမေးမိသည်။

" ဘယ်သွားမလို့လဲ ရုပ်ဖျက်မယ်ဆို "

" အင်းလေ ရိယွီကိုသွားခေါ်မလို့
သူက ရုပ်ဖျက်တဲ့နေရာမှာဆရာတစ်ဆူပဲလေ "

အာ ဒီကောင်ကဘာလဲဟ
နေရာတကာမှာ ဒင်းကိုအရမ်းအားကိုးလွန်းနေတာမဟုတ်ဘူးလား
ဘာပြောပြော ပြင်ဆင်ပေးရမယ်ဆို
လူနှစ်ယောက်က အနီးကပ်ထိတွေရမှာလေ
ဒါ အခွင့်အရေးပဲဟုတွေးမိလိုက်သည်။
ထို့ကြောင့်

" ထားလိုက် ကိုယ်လုပ်ပေးမယ်
ကိုယ်လဲ ရုပ်ဖျက်တဲ့နေရာမှာဆရာကြီးပါပဲ "

သူ့စကားဆုံးတော့ မေဟွားဟာဟက်ဟက်ပက်ပက်ရယ်၏။
ရယ်တာမှ မျက်လုံးလေးတွေပိတ်ကျသွားသည့်အထိပင်
ထို့ကြောင့် သူပါအလိုလိုလိုက်ပြုံးမိသည်။
ရယ်တာရပ်သွားတော့ မေဟွားဟာ ကောင်းပါပြီဟုဆို၏
ထို့ကြောင့် သူမလက်ကိုဆွဲကာ သူ့အဆောင်ဘက်သို့ခေါ်လာရာ
လမ်းတွင် မိမိဆီသို့လိုက်လာသော
ဝူယဲ့နှင့်တိုးလေသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now