Ep 10

291 13 4
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၀)

အခန်း_၁၀(ပုံပြင်ဟောင်းလေးတစ်ပုဒ်)

သက်တော်ရှည်အမတ်ချုပ်ကြီး " လင်းစန်"၏အိမ်တော်
(မိဖုရားခေါင်းကြီး "လင်းရှင်းရူ "ရဲ့ဖခင်
ယွီဝမ်ထျန်းကျင်းရဲ့အဖိုးပါ)

" အဖေ အဖေ့အမြင်ကရော...!'

မနက်က ညီလာခံတွင်
လျန်ကိုယ်စားလှယ်အဖွဲ့၏လက်ဆက်ပေး
မည်ဟူသည့်စကားနှင့်ပတ်သတ်၍
အရှေ့နန်းဆောင်အုပ်စုမှာ
အမတ်ချုပ်ကြီး၏အိမ်တော်တွင်စုရုံးနေကြလေသည်။
လင်းရန် မှစတင်မေးခွန်းထုတ်လိုက်လျင်

" လျန်ဘုရင်ကဘာအကြံအစည်ရှိနေလဲ
ပြောရရင် လျန်က..တိုင်းပြည်ငယ်လေးပါ
လက်အောက်ခံတိုင်းပြည်ဆိုထားပါ
သူတို့နဲ့စစ်ပြေငြိမ်းပြီးသံတမန်ခင်းမဟာမိတ်လုပ်ရလောက်တဲ့အထိတော့
မလိုအပ်ဖူးထင်တယ် "

" ဟုတ်တယ်
ပိုပြီးမလိုအပ်တာက လက်ဆက်တဲ့ကိစ္စပဲ "

" အိုး...
မထင်နဲ့စစ်သူကြီး လင်းရ
လျန်ရဲမက်တွေကစစ်တိုက်အရမ်းတော်တာနော်
သုတို့ကအအေးပိုင်းဒေသဆိုတော့အအေးဒဏ်လဲ
ခံနိုင်ကျတယ်
တကယ့်စစ်ပွဲကြီးဖြစ်လာရင်မလွယ်ဘူးနော်
မဟုတ်တောင်တခြားတိုင်းပြည်တွေကကျုပ်တို့ကို
ရန်စောင်နေတာလေ
ခုလိုအချိန်မှာ မဟာမိတ်အဖြစ်နေတာပိုကောင်းမယ် "

" လက်ဆက်တဲ့ကိစ္စက
လန်ဝမ်ကတောင်းဆိုတာပါလို့ပြောလိုက်တာမကြားဘူးလား
သူ ဘာတွေကြံစည်နေတာလဲ "

ဤသို့တစ်ယောက်တစ်ပေါက်ထင်မြင်ယူဆချက်တွေကို
ဖြိုခွင်းလိုက်သည့် အမတ်ချုပ်ကြီး၏စကားသံထွက်ပေါ်လာလေသည်။

" သူ့ဖာသာ ဘာတွေပဲကြံစည်ပါစေ
ဒါဟာ ငါတို့အတွက်အခွင့်အရေးကောင်းပဲ "

" အဖေဆိုလိုတာက..!

" ရန်သူ့တိုင်းပြည်ကမင်းသမီးကိုလက်ဆက်တယ်
ဒါဟာ သူ ထီးနန်းအရိုက်အရာဆက်ခံချိန်ကြ
အပြစ်ကြီးတစ်ခုပဲ
ငါတို့က အဲ့အချက်နဲ့သူ့အညှာကိုကိုင်မယ်လေ "

" အားယိုး ငါ့အဖေတော်လိုက်တာ
ဒါကြောင့်လည်း သက်တော်ရှည်အမတ်ချုပ်ကြီးဖြစ်နေတာကိုး "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Kde žijí příběhy. Začni objevovat