Ep 3

348 16 8
                                    

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၃)

အခန်း_၃ ( ဟိုင်လန်၏အရှင်သခင်)

∆ ချန်အန်း ∆

" မင်းသမီး...
ယွီဝမ်ကြွလာပါပြီ "

သူမနံဘေးကအပျိုတော်၏စကားကြောင့်
သူမ၏ညာဘက်သို့လှမ်းကြည့်လိုက်ရာ
ချစ်လှစွာသောမောင်တော်မှာ သူမနှင့်ဆင်တူသည့်
အပြာနုရောင်ဝတ်စုံဖြင့်ပြုံးပြလျက် လှမ်းလာနေသည်ကိုတွေ့လိုက်ရလေသည်။

" ရင်ရှင်း...
ကိုယ့်ကိုစောင့်နေရတာကြာသွားပြီလား"

ပြောလဲပြော အနားရှိကြွေကျနေသော
ချယ်ရီပန်းပွင့်တစ်ပွင့်အားကောက်ယူလျက်
သူမ၏ဆံထုံးပေါ်ပန်ရင်းမေးလာလေသဖြင့်
ခေါင်းသာခါပြမိ
အနီးရှိ အပျိုတော်တို့မှာအလိုက်တသိပင်အနားကနေထွက်သွားကြလေသည်။
ထိုအခါမှ မောင်တော်မှာသူမဘေးသို့ဝင်ထိုင်လျက်
စားပွဲပေါ်က အစာသွပ်ဖက်ထုတ်တစ်ခုကိုကောက်ဝါးလိုက်ရင်း

" _အရေးထဲ ဦးရီးတော်ကရောက်လာလို့ကွာ
_သူက ဘာလို့လဲဘာတဲ့လဲ "

" မင်းသိရင်စိတ်မကောင်းဖြစ်လိမ့်မယ်
ဒါတွေမပြောတော့ဘူး "

သူမပြောလဲအသိသာကြီးပင်
အကိုတော်လန်ဝမ်အကြောင်းပဲနေမှာပေါ့။
ထျန်းကျင်းရဲ့ဦးလေး လင်းရန်ဆိုတာက
အကိုတော်လန်ဝမ်ကို အမြဲတမ်းမနာလိုဖြစ်နေသူတစ်ယောက်ပဲလေ။
မကြာသေးခင်ကပဲ အကိုတော်လန်ဝမ်က
လျန်နဲ့စစ်ပွဲမှာ ဟိုဘက်ကမင်းသားကိုလက်ရဖမ်းဆီးမိခဲ့တယ်
များမကြာမှီမှာပဲ စစ်ပြေငြိမ်းရေးသ‌ဘောတူစာချုပ်ချုပ်ဆိုတော့မှာ
အဲ့တာသာအောင်မြင်ခဲ့ရင် အကိုတော်လန်ဝမ်ဟာ
အိမ်ရှေ့အရာရဖို့သေချာသလောက်ဖြစ်သွားပြီကိုး
သူတို့ခမျာဖင်ကျိမ်းနေလောက်ပြီပေါ့။
မပြောနိုင်ဘူး ခုလောက်ဆို ဘာကလိမ်ကကျစ်နည်းလမ်းတွေများ
စဉ်းစားနေပြီလဲမသိနိုင်။
သူမကတော့ ခင်ပွန်းသည်နဲ့အကိုတော်တို့ကြားထဲမလူးသာမလှုပ်သာပင်။
ဟူး....!
ထိုအချိန်မှာပင် မောင်တော်ယွီဝမ်၏စကားသံကိုကြားလိုက်ရလေသဖြင့်
အတွေးစတို့ပြတ်သွား

" ဒီဖက်ထုတ်အရသာရှိတယ်
အစာသွတ်ဖက်ထုတ်ဆို ငါ့မိန်းမလက်ရာကအကောင်းဆုံးပဲ "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now