Ep 5

309 12 0
                                    

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၅)

အခန်း_၅(ရန်သူ့နယ်မြေသို့ဝင်ရောက်ခြင်း)

" မင်းရဲ့မျက်နှာဖုံးကိုချွတ်သင့်ပြီလို့မထင်ဖူးလား ?"

သူ၏စကားအဆုံးဝယ်
သူ့ရှေ့ကနေလှည့်ထွက်ရန်ပြင်နေသော ထိုမိန်းမမှာ
သူ့နားသို့ပြန်လျှောက်လာပြီးသကာလ
သူ့နှင့်မျက်နှာချင်းဆိုင်၍ တစ်လုံးခြင်းဆိုလာလေသည်။

" ဆန္ဒတွေမစောပါနဲ့လေ
မင်္ဂလာဦးညရောက်ရင် သေချာပေါက်ချွတ်ပြပါ့မယ် "

ထိုစကားကြောင့် ရီကျန့်ရှီ သူ့မျက်နှာတွေတင်မက
နားရွက်ဖျားတွေပါရဲတက်လာမိသည့်အထိ
မျက်နှာပူမိသွားသည်။
ဒီမိန်းမက ဘယ်လိုတောင်ရဲတင်းပွင့်လင်းလွန်းလှတာ
ဟိုဘက်ကလည်းသူ့အတွေးကိုရိပ်မိသည့်အလား ထပ်လောင်းပြောကြားလာပြန်၏။

" အဟက် ဘာလို့ရှက်နေတာလဲ
ကျွန်မဆိုလိုတာက
ကျွန်မရဲ့မျက်နှာဖုံးကိုချွတ်ပြမယ်လို့ပြောတာပါရှင် "

ထိုမိန်းမကတော့ ခပ်ဟဟရယ်လျက်
သူ့ရှေ့ကနေထွက်ခွာသွားခဲ့လေပြီ။
သူ့မှာသာ မျက်နှာပူပြီးကျန်ခဲ့တာ
တော်သေးတာက သူတို့ပြောနေတဲ့စကားတွေကို
ရဲမက်တွေမကြားလိုက်လို့သာပေါ့။
မဟုတ်ရင် သူ့ရဲ့ဟိုင်လန်သခင်ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်နားသွားထားရမယ်မသိ။
ငါကွာ ရှက်လိုက်တာ
စစ်ပွဲများစွာကိုအနိုင်ယူပြီးတိုက်လာခဲ့တဲ့ ငါ့လိုအနက်ရောင်သားရဲခေါင်းဆောင်တစ်ယောက်က ဘယ်လိုတောင် မိန်းမတစ်ယောက်ရှေ့မှာရှက်ရွံမိတာ
တာ့လျန်ပြည်က မိန်းမတွေဟာ ဒီလိုရဲတင်းကြတာလား
ဒါမှမဟုတ် သူ့ရှေ့ကမိန်းမကပဲရဲတင်းလွန်းတာလားပဲ။
ခက်တာက အနှီမိန်းမရဲ့မျက်နှာအမူအရာကိုမမြင်ရတာပင်။
မတရာဘူး နေနှင့်ဦးပေါ့ကွာ
ငါ့လက်ထဲရောက်မှ အချိုးပြောင်းပေးဦးမယ်။
ဤနှယ်စိတ်ထဲကနေကြိတ်ကာ ကြုံးဝါးမိသည်။

____________________

∆ချန်အန်း∆

" မင်းသား...ယွီဝမ်...!
သတင်းထူး သတင်းထူးပီဗျ "

" မင်းနှယ် အသက်လေးဘာလေးရှူပါဦးလား
လာ ရေသောက် ရော့ရော့ "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Wo Geschichten leben. Entdecke jetzt