Ep 9

276 14 0
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၉)

အခန်း_၉(ပထမခြေလှမ်းအစ)

< ယိကျင်း မြင်းတပ်စခန်း >

" လန်ဝမ်..
လန်ဝမ်ကိုအရိုအသေပေးပါတယ် "

မြင်းတပ်စခန်းထဲဝင်လိုက်သည်နှင့် မိမိကိုကြိုဆိုနှုတ်ဆက်ကြသော
ရဲမက်တို့ကိုပြန်လည်အသိအမှတ်ပြုသည့်အနေဖြင့်
ခေါင်းညိတ်ပြပြီးနောက်
ရီကျန့်ရှီမှာ သူ၏နားနေဆောင်ရှိရာသို့ဝင်သွားလေသည်။
ထို့နောက် သူပထမဆုံးလုပ်သည့်အလုပ်မှာ
သမားတော်ရှာသည့်အလုပ်ပင်။
သမားတော်ဆိုသည်မှာလည်းတခြားမဟုတ်
သူ ဤမြင်းတပ်စခန်းတွင်နေခဲ့စဉ်က စောက်ရှောက်ပေးခဲ့သော
ဖခင်ဖြစ်သူ၏မိတ်ဆွေဟောင်းတစ်ယောက်ပင်။
ညာလက်ရုံး ဝူယဲ့အား လွှတ်၍အကြောင်းကြားခိုင်းပြီးမကြာခင်
မိမိရှာခိုင်းလိုက်သော ဦးလေး " ဟွမ်းထျန်း" မှာ
အပြေးအလွှာရောက်လာပြီးနှုတ်ဆက်လာလေသည်။

" လန်ဝမ် မင်းသားဘာဖြစ်လို့လဲ
ဒဏ်ရာရလာတာလား
ကျွန်တော်မျိုးကိုပြပါဦး အတော်ဆိုးဝါးလို့လား ?"

အသက် ၅၀ခန့်ရှိ အမျိုးသားကြီးတစ်ယောက်မှာ
ပြာပြာသလဲဝင်ရောက်လာပြီးမေးလာတော့သည်။
ထို့ကြောင့် ရီကျန့်ရှီမှာ ပြုံးလိုက်ရင်းက

" လောင်ဟွမ်းရ ထိုင်ပါဦး
ကျွန်တော်နေကောင်းပါတယ် ဘာဒဏ်ရာမှမရပါဘူး "

ထိုအခါမှ လောင်ဟွမ်းမှာ
တော်သေးတာပေါ့ဟုသက်ပြင်းချလျက်က
မိမိဘေးနာတွင်ဝင်ထိုင်လိုက်လေသည်။

" ဟိုလေ လောင်ဟွမ်း
ဒဏ်ရာတော့မဟုတ်ပေမဲ့ ဒါလေးတွေကိုတချက်လောက်ကြည့်ပေးပါလား "

လန်ဝမ်၏ရှက်တက်တက်ဤအမူအရာမျိုးကို
မတွေ့မမြင်ဖူးသဖြင့်
လောင်ဟွမ်းဆိုသည့်လူကြီးမှာ ပုတ်သင်ညိုအလား
ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်လေသည်။
ထိုအခါမှ လန်ဝမ်မှာ သူ၏အပေါ်ထပ်ဝတ်ရုံကိုချွတ်ပြလာလေသည်။

" ဟင်...!

ထိုအာမေဋိတ်သံမှာ လောင်ဟွမ်းတင်မက
ဘေးနားမှာအတူထိုင်နေသော ဝူယဲ့ဆီကပါပြိုင်တူထွက်ပေါ်လာလေသည်။
အကြောင်းကား သူတို့မင်းသား၏ခန္တာကိုယ်ပေါ်တွင်
မမြင်အပ်ဖွယ်အရာများကိုမြင်လိုက်ရသောကြောင့်ပင်တည်း။
ထို့နောက် လောင်ဟွမ်းမှာ
ခန္တာကိုယ်ပေါ်ရှိ အရာတို့ကိုအသေးစိတ်ကြည့်ရှု့ပြီးသကာလ
လန်ဝမ်၏လက်ကောက်ဝတ်ကိုကိုင်လျက် သွေးကြောစမ်းလိုက်လေသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now