Ep 20

551 13 0
                                    

Unicode

‌သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(ဇာတ်သိမ်း)

အခန်း_၂၀(ချစ်ဦးရင်ခွင် တစ်နေ့တွင်ဖြင့် )

∆ တာ့လျန်ပြည် ∆

" မင်းကြီး..!
ရိဟွားစံနန်းသခင်မ အခစားဝင်ပါတယ် "

" အမြန် ဝင်ခိုင်းလိုက် "

အထိန်းတော်ကြီး၏လျှောက်တင်သံနှင့်မရှေးမနှောင်းပင်
အဖြူရောင်အရိပ်တစ်ရိပ်မှာ
မင်းကြီးလွှီရှောက်၏ စာကြည့်စာပွဲရှေ့၌မတ်တပ်ရပ်လျက်
လက်နှစ်ဖက်ယှက်ကာခေါင်းကိုညွှတ်၍နှုတ်ဆက်လာလေသည်။

" _မင်းကြီးကိုဂါဝရပြုပါတယ်
_ ထ ထပါ အစ်မတော် "

တာ့လျန်၏မင်းကြီးအသစ် လွှီရှောက်ကား
သူ၏အစ်မတော်ကိုပျာပျာသလဲဖြင့် လက်နှစ်ဖက်မှကိုင်လျက်
မျက်နှာချင်းဆိုင်ရပ်စေပြီးလျင်

" ဘယ်လိုရောက်လာတာလဲ
နေကောင်းသွားပြီလား ဒဏ်ရာကရောဘယ်လိုနေသေးလဲ
ကျင့်ကြံတာကရောအောင်မြင်ပြီလား
အခု ဘယ်လိုနေလဲ "

" တစ်ခုချင်းဆီမေးပါ မင်းကြီးရယ်
ကျွန်တော်မျိုးမသက်သာပါတယ်
ကြည့် မြင်တဲ့အတိုင်းပဲလေ "

" နှစ်ယောက်တည်းရှိတဲ့အချိန်ဆို လွှီရှောက်လို့ပဲခေါ်ပါဆို
အစ်မတော်က ကျွန်တော့်အတွက်
ဘယ်လိုဖြစ်တည်မှု့လဲဆိုတာသိတယ်မလား "

" ကောင်းပါပြီ
မမ သက်သာလာပါပြီ
ဒါကြောင့် စိတ်မပူလည်းရပါတယ် လွှီရှောက်ရယ် "

ထိုသို့ပြုံးရင်းဆိုလာပေမဲ့
မိမိအစ်မတော်ရဲ့အပြုံးတွေဖျော့တော့နေတာ သူသတိထားမိပါသည်။
မမက သူ့ကိုကယ်ဖို့အတွက်နဲ့ ဒဏ်ရာအပြင်းအထန်ရပြီး
သေလုနီးပါးဖြစ်ခဲ့ရာက ယခုမှပြန်လည်နလန်ထူလာခဲ့တာလေ။
ပြန်လည်သက်သာလာတော့လည်း ယခင်ကလိုမဟုတ်တော့
ဆံပင်ကအစ အသားအရေအထိဖြူစွတ်လို့
ရေခဲလူသားဖြစ်နေခဲ့ပြီ။
ထို့ကြောင့်လည်း သူမရဲ့ချစ်ရသူကိုမတွေ့ဝံ့တော့ပေ။
လွန်ခဲ့တဲ့နှစ်တွေက
တာ့ထန်က လန်ဝမ်ဟာ အစ်မတော်ကိုအကြိမ်ကြိမ်လာရှာခဲ့သလို
တွေ့ခွင့်ပေးဖို့လည်းတောင်းဆိုခဲ့ပေမဲ့
အစ်မတော်ရဲ့မှာကြားချက်အရ အကြိမ်ကြိမ်ငြင်းပယ်ခဲ့ရသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now