Ep 14

219 11 0
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၄)

အခန်း_၁၄(တာ့လျန်၏မိုးနံပါတ်တစ် ရိယွီ )

< ယိကျင်း မြင်းတပ်စခန်း >

မြင်းတပ်စခန်း၏အဓိကလေ့ကျင့်ရေးကွင်းပြင်၌လူစုံတက်စုံရောက်ရှိနေကြလေသည်။
လန်ဝမ်အပါအဝင် ရာထူးအမြင့်ပိုင်းတွေမှာ
လေ့ကျင့်ရေးကွင်း၏စင်မြင့်ထက်၌ထိုင်နေကြပြီး
စခန်းရှိရဲမက်တို့မှာကွင်းလယ်၌ရပ်လျက်
ထိုအချိန်မှာပင် လန်ဝမ်၏ကြေငြာသံထွက်ပေါ်လာလေသည်။

" နားထောင်ကြ
မင်းတို့ရှေ့မှာရပ်နေတဲ့လူငယ်က
တာ့လျန်ရဲ့အတော်ဆုံး သိုင်းသမားပဲ
သူနဲ့ယှဉ်ပြိုင်ချင်တဲ့ မည်သူမဆို ရှေ့ထွက်ရပ်နိုင်တယ်
ပြိုင်ပွဲကတော့ ၃မျိုး
မြင်းစီးပြီးမြှားပစ်တာရယ်
လက်သိုင်းနဲ့ဓားရေးရယ် ၃မျိုး
၁မျိုးကို တစ်ယောက်ဆီရွေးချယ်ယှဥ်ပြိုင်နိုင်တယ် "

လန်ဝမ်မှာ စင်မြင်၏ရှေ့၌မတ်တပ်ရပ်လျက်ရှ်ိသော
ရိယွီကို လက်ညိုးညွှန်ပြလျက်ကြေငြာလိုက်လျင်
စုရုံးရောက်ရှိနေကြသော မြင်းတပ်စခန်းရှိရဲမက်တို့ထံမှ
တစ်ယောက်တစ်ပေါက်ဝေဖန်သံတွေထွက်လာလေတော့သည်။

ရဲမက်၁_" ဟ သူတစ်ယောက်တည်း ၃မျိုးစလုံးပြိုင်မှာလား
ကြီးကျယ်လိုက်တာ
ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေတာမဟုတ်ဘူးလား "

ရဲမက်၂_" ဟုတ်တယ် လူကြည့်တော့ဖြူဖတ်ဖြူလျော်နဲ့
မိန်းကလေးရှုံးအောင်လှနေသေးတယ် "

ရဲမက်၃_' အလှလေးကို ဒဏ်ရာရအောင်မလုပ်ရက်ပါဘူး
ကောင်လေး မင်းအိမ်ပြန်ပြီးပန်းထိုးနေသင့်တာ "

" ဟားဟား ဟားးးးးးး !

အားလုံးမှဝိုင်းဝန်းလှောင်ပြောင်သရော်ကြလျင်
ရိယွီမှာ အေးစက်စက်ပြုံးလိုက်ရင်းက
စောနကလေကျယ်ထားသော သုံးယောက်ဆီသို့
လက်ညိုးညွှန်လျက် စကားတစ်ခွန်းကို
အားလုံးကြားအောင် အတွင်းအားသုံး၍ပြောလိုက်လေသည်။

" ဟေး မင်းတို့ ၃ယောက်ထွက်ခဲ့ "

အဆိုပါသုံးယောက်မှာ ရှေ့သို့ထွက်လာလျင်
ကျန်ရဲမက်တို့မှာ နောက်သိူ့ရှဲသွားပြီး
လေ့ကျင့်ရေးကွင်း၏ပြင်ပမြက်ခင်းပြင်၌ထိုင်လျက်နေရာယူကာ
ပွဲကြည့်ရန်အသင့်ဖြစ်နေကြလေသည်။
ရိယွီမှာ မူလကရပ်နေသော စင်မြင့်ထက်မှ
လေဟုန်စီးကာ ထိုသုံးယောက်၏ရှေ့သို့ ပေါ့ပါးစွာခုန်ချလိုက်လေသည်။
ထို့နောက် အေးစက်စက်ဖြင့်

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now