Ep 15

238 12 4
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၅)

အခန်း_၁၅(ကိုယ်နိုင်ရင်မင်းကိုနမ်းမယ်)

ယခုအခါ
လန်ဝမ်ရီကျန်ရှီ နှင့် ရိယွီခေါ်ယွီဟွား တို့မှာ
ကွင်းပြင်အလယ်၌မျက်နှာချင်းဆိုင်ရပ်လျက်
လန်ဝမ်ကဆို၏

" ရိသခင်လေး အရင်စပါ "

လန်ဝမ်၏စကားအဆုံးဝယ် ရိယွီမှာစတင်တိုက်ခိုက်လိုက်လေတော့သည်။
နှစ်ဦးသားမှာ ဓားတွေမထုတ်သေးပဲ လက်ချည်းသက်သက်
သိုင်းပညာဖလှယ်နေကြရာ
သိုင်းကွက် ဆယ်ကွက်ကျော်သည့်အထိလက်ရည်တူနေကြလေသည်။
တစ်ချီတွင် နှစ်ဦးသားမှာ လေထဲတွင်ယှဉ်ပြိုင်တိုက်ခိုက်နေစဉ်
လန်ဝမ်မှ ခပ်တိုးတိုး‌မေးလိုက်လေသည်။

" ရိသခင်လေးက ဘာလို့ဓားမထုတ်သေးတာလဲ
ကျုပ်ကိုအထင်သေးတာလား? "

ထိုအခါ မြေပြင်ပေါ်သို့ပြန်အကျဝယ်
ရိယွီမှာ ဓားကိုထုတ်လျက်
စောနက ဝမ်ယိုဖုန်းကိုအနိုင်ယူခဲ့သော ဓားကွက်ကိုခင်းကျင်းလိုက်လေသည်။
ထိုအခါ ပွဲကြည့်နေကြသော
ယိကျင်းရှိ ယွီဝမ်အပါအဝင် ရဲမက်တို့မှာ
သူတို့၏လန်ဝမ်အတွက် စိတ်ပူသွားကြလေသည်။

လန်ဝမ်ကား
ထိုအချင်းအရာကိုမြင်လျင် အေးအေးဆေးဆေးပင်
မျက်လုံးကိုမှိတ်လျက် လက်ကလည်းသူ၏ဓားအိမ်ပေါ်သို့တင်လိုက်လေသည်။
ရိယွီ၏ ထိုးဖောက်တိုက်ခိုက်လာသောအသံကို
နားဖြင့်နားထောင်ပြီးလျင် သူ၏လက်ကိုလှုပ်ရှားလိုက်လေသည်။

လန်ဝမ်၏အမူအရာကြောင့်
ယိကျင်းရှိ ရဲမက်တို့မှာနဝေတိမ်တောင်ဖြစ်သွားကြလေသည်။
သူတို့လန်ဝမ်ကဘာလို့ မျက်လုံးမှိတ်လိုက်တာလဲ
အသေခံတော့မလို့လား သို့လောသိုလောအတွေးတွေဖြင့်။
မေဟွားကား လန်ဝမ်၏အမူအရာကြောင့်ပြုံးလျက်ရှိနေလေသည်။
တကယ့်ကိုပဲ ဟိုင်လန်ရဲ့အရှင်သခင်ပီသပါပေတယ်။
ပုံရိပ်ယောင်ဓားကွက်ကို ဘယ်လိုရင်ဆိုင်ရမလဲသိတယ်ဟု၍ကျိတ်ချီးကျူးနေလေသည်။

တဖက်တွင်လည်း
ရိယွီ၏ဓားကွက်ကိုရင်ဆိုင်နေသော လန်ဝမ်မှာ
သူ မျက်လုံးပိတ်လိုက်သောအခါဝယ်
လေတိုးသံ၌ ရိယွီ၏ပုံရိပ်တုတွေမှာ ပျောက်ကွယ်သွားပြီးလျင်
ရိယွီအစစ်၏တိုက်ခိုက်မှုကိုရှင်းရှင်းလင်းလင်းကြားသိလိုက်ရ၍
သူ၏ဓားကိုထုတ်ကာကာကွယ်လိုက်လေသည်။
ဓားနှစ်စင်း၏ထိခိုက်သံမှာ ချွင်ကနဲထွက်ပေါ်လာပြီးနောက်
ရိယွီ၏ဓားကွက်မှာပြိုကွဲသွားလေသည်။
ထိုအခါမှ လန်ဝမ်မှာ မျက်လုံးပြန်ဖွင့်လျက်
တဖက်လူအား ပြင်းပြင်းထန်ထန်တရှိန်ထိုးဝင်ရောက်တိုက်ခိုက်လေတော့သည်။
ရိယွီမှာ သူ၏ဓားကွကို လန်ဝမ်ကဖြိုဖျက်နိုင်သည်ကိုသိသောအခါ
ဓားကိုသိမ်း၍ သူ၏ဒုတိယအကျွမ်းကျင်ဆုံးလက်သိုင်းဖြင့်
တရစပ်ပြန်လည်တိုက်ခိုက်လေတော့သည်။
ဤသို့ဖြင့် နှစ်ဦးစလုံးမှာ သိုင်းကွက် ငါးဆယ်ခန့်မျှ
တိုက်ခိုက်ပြီးသောအခါ
ရိယွီ၏လျှပ်တပြက်တိုးဝင်လာသော လက်ဝါးရိုက်ချက်အား
လန်ဝမ်မှာ လက်သီးဖြင်ပြန်လည်ထိပ်တိုက်ရင်ဆိုင်ပေးလိုက်ရာ
ပြင်းထန်သောထိခိုက်မှုဖြစ်သွားပြီးနောက်
ရိယွီမှာ ခြေလှမ်းငါးလှမ်းမျှယိုင်ထွက်သွားလေ၏
လန်ဝမ်မှာမူ မူလကရပ်နေခဲ့သောနေရာတွင်သာ
မားမားမတ်မတ်ရပ်နေလေသည်။
အတွင်းအားတွင် လန်ဝမ်အား သူမမယှဉ်နိုင်ပါချေ။
ရိယွီမှာ လက်တဖက်လုံးထုံကျင်သွားသောကြောင့်
သူမ၏ညာလက်ကို ဘယ်လက်ဖြင့်ထိန်းမထားရလေသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now