Ep 18

238 10 0
                                    

Unicode

‌သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၈)

အခန်း_၁၈(ကျွန်မက လန်ဝမ်ရီကျန့်ရှီရဲ့လူရှင့် )

" တာ့လျန်မှ ရိယွီ
တာ့ထန်မင်းကြီးကို ဂါဝရပြုပါတယ် "

ရိယွီ၏နှုတ်ဆက်ဂါဝရပြုမှုအား ခေါင်းတစ်ချက်ညိတ်လျက်
အသိအမှတ်ပြုလိုက်ပြီးလျင်
မင်းကြီးမှာ ဘေးနားရှိသူ၏တူတော် လန်ဝမ်ဆီသို့
ခေါင်းငဲ့လျက်ခပ်တိုးတိုးမေးလိုက်လေသည်။

"_ သူက ဘယ်သူလဲ? တစ်ခါမှမမြင်ဖူးဘူး
_ မေဟွားရဲ့ကိုယ်ရံတော်ပါ "

ထိုအခါမှ မင်းကြီးမှာသတိရသွားဟန်ဖြင့်
ဪဟုဆိုလိုက်ပြီးလျင်

" ရှောင်ကျင်းပြောတဲ့တစ်ယောက်ပဲ
ယိုဖုန်းကို ဓားကွက်တစ်ကွက်ထဲနဲ့ဒဏ်ရာရအောင်လုပ်တယ်ဆိုလား "

" မှန်ပါတယ် "

" ကောင်းပြီ ကိုယ်တော်ခွင့်ပြုတယ်
တာ့လျန်က သူရဲကောင်းလေး
မောင်မင်းရဲ့အရည်အချင်းကို ကိုယ်တော်လည်းလက်တွေ့မြင်ဖူးချင်တယ်
စစ်သူကြီးလင်း စိန်ခေါ်တာကိုဘယ်လိုသဘောရလဲ ?"

မင်းကြီး၏အမေးစကားကြောင့်
ရိယွီမှာ သူ၏သခင်မရှိရာသို့လှမ်းကြည့်လိုက်လေသည်။
မေဟွားမှာလည်း သူမ၏ဘေး၌ထိုင်နေသော
ကြင်ယာတော်ရန်ရင်ရှင်းအား စစ်သူကြီးလင်းဆိုသူအားမေးငေါ့ပြလျက်
မေးမြန်းလိုက်လေသည်။
တာ့ထန်မင်းကြီးရီကျိဖုန်းတို့ ယောင်္ကျားသားတွေမှာ
စင်မြင့်၏လက်ယာဘက်အခြမ်း၌ထိုင်ကြပြီးလျင်
မိဖုရားခေါင်းကြီးလင်းရှင်းရူအပါအဝင်
မိန်းမတွေမှာ စင်မြင့်၏လက်ဝဲဘက်ခြမ်း၌ထိုင်ရလေသည်။
မေဟွားမှာ ယွီဝမ်၏ကြင်ယာတော် ရန်ရင်ရှင်းဘေး၌ကပ်လျက်ထိုင်ရလေသည်။

" သူကရော ဘယ်သူလဲ? "

မေဟွားမှာ ရင်ရှင်းအားမေးလိုက်တာဖြစ်သော်လည်း
လင်းရန်အား ဘယ်ကတည်းကမျက်မုန်းကျိုးနေသည်မသိသော
ရန်ကျင်းမှာ
သူမ၏အစ်မနောက်ကနေထိုင်နေရာမှ ရှေ့သို ခေါင်းပြူလျက်

" သူလား မိဖုရားခေါင်းကြီးရဲ့မောင်လေ
အကိုကြီးကို မနာလိုဖြစ်နေတာ
အရည်အချင်းကရှိတာမဟုတ်ဘူး
မိဖုရားခေါင်းကြီးရဲ့အရှိန်အဝါနဲ့ စစ်သူကြီးရာထူးရလာတာ "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now