Ep 7

283 14 0
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၇)

အခန်း_၇(အိမ်မက်လှလှမက်ပါစေ)

∆လန်အိမ်တော်(လန်ဝမ်၏စံအိမ်)∆

အဆိုပါအိမ်တော်ရှေ့၌ မြင်းလှည်းရပ်သွားသည်နှင့်
အိမ်တံခါး‌ရှေ့ဝယ်စောင့်ကြပ်နေကြသော ရဲမက်နှစ်ယောက်မှာ
ကပျာကယာအရိုအသေပြုလျက် အိမ်တော်ထဲအထိ
ကြားရလောက်သောလေသံဖြင့်

"လန်ဝမ်ပြန်လာပြီဗျ
မင်းသားကိုအရိုအသေပေးပါတယ် "

" အမေ....
ကျင်းအော်ပြန်လာပြီ
အမေ့သမီးငယ် ရန်ကျင်းပြန်လာပါပြီ "

ဤသို့ ဦးညွှတ်နှုတ်ဆက်လာကြသည်ကိုလက်ကာပြလိုက်ရင်း
ရီကျန့်ရှီမှာ မြင်းလှည်းထဲမှ
အမျိုးသမီးနှစ်ဦးအာ မိမိလက်ကိုတွဲစေ၍
မြင်းလှည်းပေါ်မှဆင်စေသည်။
ရန်ကျင်းမှာ ပထမဦးစွာဆင်းနှင့်၍ မြေပြင်ပေါ်သို့ခြေချမိသည်နှင့်
အသံစာစာဖြင့်အိမ်တော်ထဲသို့ပြေးဝင်သွားလေတော့သည်။
သူမကိုမြင်ကြသော အိမ်တော်ထဲရှိလူများမှာ
လုပ်လက်စအလုပ်များကိုရပ်တန့်၍

" အမြန်ထွက်လာခဲ့ကြဟေ့
သခင်မ သခင်မကြီး
မင်းသားနဲ့သခင်မလေးတို့ရောက်ပါပြီ "

ရီကျန့်ရှီ..မိမိပေးသည့်လက်ကိုငြင်းလိုက်မလားဟု
တွေးနေမိသော်လည်း
အနှီမိန်းမမှာ မငြင်းပဲ
သူကမ်းပေးသောလက်ကိုကိုင်၍ မြင်းလှည်းပေါ်မှဆင်းလိုက်ကာ
ပတ်ဝန်းကျင်ကိုတခဏမျှအကဲခတ်လိုက်လေသည်။
သိပ်ကိုနူးညံ့တယ်
သိုင်းသမားတစ်ယောက်ရဲ့လက်က ဤမျှနူးညံ့နေတာဖြစ်နိုင်လား။
အချိန်တခဏမျှဆိုပေမဲ့ သူ သတိထားမိလိုက်တာက
ထိုလက်တို့မှာဖြူဖပ်၍ရေခဲတမျှအေးစက်နေခဲ့တာကိုပေါ့။
ထို့နောက် မိမိခေါ်ဆောင်ရောက်နောက်သို့အတူလိုက်ပါ၍
အိမ်တော်ထဲသို့ဝင်လာရာ လမ်းတလျှောက်ဝယ်
မိမိအိမ်သားများ၏တီးတိုးတီးတိုးအသံတွေအကြည့်တွေကိုစတင်ရရှိလေတော့သည်။
ဤမိန်းမဟာ သွားလေရာလူစိတ်ဝင်းစားခံရတာလားဟူတောင် အတွေးရောက်မိသည်။

အိမ်တော်၏အဓိကဧည့်ခန်းမဆောင်တွင်
မျက်နှာချင်းဆိုင်မိကြသည့်အခါ

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Tahanan ng mga kuwento. Tumuklas ngayon