Ep 4

325 13 0
                                    

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၄)

အခန်း_၄ (ပန်းတပွင့်ရဲ့ဒဏ္ဍာရီ )

" ရီကျိဖုန်းက ရှင်နဲ့ဘယ်လိုတော်စပ်သလဲ?"

" အာ ဒီမိန်းမတော့လား
ရာရာစစ ကျုပ်တို့မင်းကြီးကိုနာမည်တပ်ခေါ်စရာလား "

သူ့ရှေ့ကမိန်းမ၏စကားကြောင့်
ဟိုင်လန်ရှိရဲမက်တို့မှာလှုပ်လှုပ်ရွရွ
ဝူယဲ့ကား ဓားအိမ်မှဓားကိုဆွဲထုတ်ကာရွယ်မယ်ဟန်ပြင်နေသဖြင့်
သူကပင်တားထားရပြန်သည်။

" ဝူယဲ့..!
သူက ကျုပ်ရဲ့ဦးရီးတော်ပါ "

ဪ လတ်စသတ်တော့အဲ့လူက ဘုရင်ဖြစ်သွားတာကိုး
အဟက်ဟက် ဒါကြောင့်လည်း
သူမနဲ့သူမအမေကိုမျက်ကွယ်ပြုခဲ့တာပေါ့။
အေးပေါ့လေ ရန်သူ့တိုင်းပြည်ကမိန်းကလေးကို မိဖုရားမြှောက်ရင် ထီးနန်း‌အရိုက်အရာဘယ်ရပါ့မလဲ
အမတ်တွေကကန့်ကွက်ကြမှာပေါ့။
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ
အခု ရှင့်တူက ကျွန်မကိုလက်ထပ်ချင်နေတယ်
ဘယ်လိုလဲ ရီကျိဖုန်း
ရှင့်ရဲ့တူ ကျွန်မရဲ့အကိုဝမ်းကွဲကို ကျွန်မလက်ထပ်လိုက်ရမလား?
အဟားဟား မိုးနတ်မင်းကကြည့်မနေပါဘူး
ငါ့ရဲ့အမုန်းအာဃာတတွေအတွက် ရန်သူကိုတကူးတကရှာစရာမလိုတော့ဘူး
အဝေးကြီးမှာမဟုတ်ပဲ မလှမ်းမကမ်းမှာတင်ရှိ‌နေတာပဲကိုး

" ကောင်းပြီ ကျွန်မလက်ခံတယ်
လျန်တိုင်းပြည်ရဲ့ဓားစားခံအဖြစ်နဲ့ ရှင့်ရဲ့ဘေးမှာနေပေးမယ်
ကြင်ယာတော်ဖြစ်ဖြစ် ကိုယ်လုပ်တော်ဖြစ်ဖြစ်၊အစေခံဖြစ်ဖြစ်ရတယ် "

" ဟာ ဟင်
သ သခင်မလေး...!

သူ့ရဲ့အဖြေစကားအဆုံးဝယ်
ထိုမိန်းမ၏မျက်ဝန်းအသေတွေထဲတွင် တခဏမျှလက်ခနဲဖြစ်သွားသည်ကို
သူမြင်ဖြစ်အောင်မြင်လိုက်မိသေးသည်။
သေချာပါတယ် သူထင်တာမမှားရင်
အနှီမိန်းမဟာ ဦးရီးတော်ကိုသိနေတာသေချာသလောက်ပဲ။
ဟ တခြားတိုင်ပြည်ကမင်းသမီးက
ရန်သူ့တိုင်းပြည်ရဲ့ဘုရင်ကိုသိနေတာဘာဆန်းသလဲဟုထင်စရာ။
ဟုတ်တယ် ရီကျိဖုန်းဆိုတာက တော်ရုံလူမသိတော့သည့်
မင်းကြီးရဲ့နာမည်ရင်းလေ
လက်ရှိမှာ မင်းကြီးဟာ " ယန်ဝမ် " ဆိုတဲ့ဘွဲ့အမည်ပဲသိကြတော့တာလေ။
ပြီးတော့ အစကအသဲအသန်ငြင်းနေခဲ့ပြီး
မင်းကြီးနဲ့သူရဲ့ပတ်သတ်မှုကိုသိတော့မှ
ချက်ချင်းကြီးလက်ခံလိုက်တာလဲသံသယဝင်စရာ
ဘာဖြစ်ဖြစ် ငါ့အတွက်တော့နောက်ထပ်ပဟေဠိတစ်ခုထပ်တိုးလာပြီပေါ့ဟုသာ။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now