Ep 16

241 12 5
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၆)

အခန်း_၁၆(ပိုးစုန်းကြူလေးရှက်နေတယ်)

" _အိုး ကိုယ်ကမကြမ်းဘူးလို့ပြောထားတယ်လေ
_ကျွန်မက ပြောမထားဘူးလေ "

ဤနှယ် မေဟွား၏ခပ်ကြမ်းကြမ်းတိုက်ခိုက်လာမှုကြောင့်
ကပျာကယာရှောင်တိမ်းခုခံရင်းက
မထိတထိစလိုက်လျင်
ထိုမိန်းကလေးမှာအတိုက်အခိုက်မပြတ်ပဲ ခပ်အေးအေးပင်ဆိုလာလေသည်။
မေဟွားမှာ သာမန်မိန်းကလေးမဟုတ်
သူမသည် ရိဟွားစံနန်း၏အုပ်ချုပ်သူဖြစ်သလို
သူမလက်အောက်၌
အတော်ဆုံးဓားသမားကိုးယောက်တိတိရှိသည့်အပြင်
အရိပ်တပ်ဖွဲ့လို လူသတ်အဖွဲ့အစည်းကိုပါ
သေလိုစေလိုနိုင်သူတစ်ဦးဖြစ်သည်။
ထို့ကြောင့် သူမ၏သိုင်းပညာမှာထိပ်သီးအဆင့်ပင်ရှိလေသည်။
ယခုအခါ မေဟွားမှာ
အသက်အားဖြင့် နှစ်ဆယ့်လေးနှစ်ခန့်သာရှိသေးသော်လည်း
သူမ၏လေကိုဖြိုခွင်း၍တိုက်ခိုက်လာသော အင်အားကိုခန့်မှန်းကြည့်မည်ဆိုပါက
သူမပိုင်ဆိုင်ထားသော အတွင်းအားမှာ
သူမ၏အသက်အရွယ်ထက် ပိုကြောင်းတွေ့ရှိရပေမည်။
တိုက်ခိုက်မှုမှာလည်း ငဲ့ညှာခြင်းအလျင်းမရှိ
ရက်ရက်စက်စက်ပင်တိုက်ခိုက်လာရာ
လန်ဝမ်မှာ စနောက်နေချိန်မရတော့ပါ။
ထို့ကြောင် သူသည်
သူ၏ရှိသမျှ အစွမ်းအစတို့ကိုသုံးကာ
ထိုမိန်းကလေးအာပြန်လည်တိုက်ခိုက်ရတော့သည်။
ထိုသို့ဖြင့် နှစ်ဦးသားမှာသိုင်းကွက်တော်တော်များများဖလှယ်လာကြရာ
သိုင်းကွက် တစ်ရာကျော်လာသောအခါ
သူရှေ့ရှိ မိန်းကလေးမှာလက်ပန်းကျလာသည်ကိုမြင်လိုက်ရသဖြင့်
လန်ဝမ်မှာ မေဟွား၏လက်ဝါးရိုက်ချက်ကိုပြန်လည်မခုခံတော့ပဲ ရပ်တန့်လိုက်ရာ
မေဟွားမှာ အလျင်အမြန်လက်ပြန်ရုပ်လိုက်ပြီးလျင်

" ဘာလို့ ရပ်လိုက်တာလဲ
ဆက်မတိုက်တော့ဘူးလား ? "

" _အင်း ကိုယ်အရှုံးပေးတယ်
_ ဘာလို့ ကျွန်မကိုအရှုံးပေးလိုက်တာလဲ?"

မေဟွား၏မကျေမနပ်အမေးကို
လန်ဝမ်မှာ တည်ကြည်လေးနက်စွာဖြင့်ပြန်ဖြေလိုက်လေသည်။

"ယောင်္ကျားကောင်းတစ်ယောက်ဆိုတာ
ကိုယ်ချစ်တဲ့မိန်းကလေးကို အနိုင်မကျင့်ရဘူးတဲ့
မင်း ပင်ပန်းနေပြီလေ "

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now