Ep 2

439 15 2
                                    

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၂)

အခန်း_၂ (ရိဟွားစံနန်း )

∆ ရိဟွားစံနန်း ∆

လျန်တိုင်းပြည်၏နတ်နန်း
သူမတို့ဟာ လျန်တိုင်းပြည်၏တော်ဝင်မျိုးနွယ်အတွက်သာ
သီးသန့်အမှု့တော်ထမ်းရသောအဖွဲ့အစည်းတစ်ခု၊
လျန်တိုင်းပြည်၏အနယ်နယ်အရပ်ရပ်တွင်ဖြန့်ကျက်ထားပြီး
လိုအပ်ပါက မည်သည့်နေရာမဆိုထွက်ပေါ်လာသည့်
အရိပ်တပ်ဖွဲ့ဝင်များကိုပိုင်ဆိုင်ထားသည်။
ထိုတပ်ဖွဲ့ဝင်ခေါင်းဆောင်မှာ " ယွီဟွား "ဟူခေါ်သည့်
ရေနတ်သမီးနှင့်
" ဟော်ဟွား " ဟုခေါ်သည့် မီးနတ်သမီးတို့ပင်။
ရိဟွားစံနန်း၏လက်ရှိအုပ်ချုပ်သူသခင်မမှာ
" မေဟွား "ဟုခေါ်သည့်
ပန်းကိုးပွင့်ဒေဝီဖြစ်သည်။
သူမ၏လက်အောက်တွင်
ယွီဟွား နှင့် ဟော်ဟွားတို့အပါအဝင်
အင်မတန်ဓားရေးကျွမ်းကျင်သည့် မိန်းမလှ ၉ယောက်တိတိရှိသည်။
ယခုအခါ ထို ဒိတ်ဒိတ်ကြဲမိန်းမတွေမှာ
ရီကျန့်ရှီ၏ရှေ့မှောက်၌မတ်တပ်ရပ်နေလေသည်။

" ရှင်ဖမ်းထားတဲ့ ကျွန်မတို့လူဘယ်မှာလဲ ? "

ထိုစကားကို မျက်နှာချင်းဆိုင်လျက်က
သူ့နားထိတိုးကပ်ကာနှစ်ယောက်သားထိကပ်တော့မည့်မတတ်
မေးလာသည့် အနှီမိန်းမမှာ
အတော်ပင်အရပ်ရှည်သည်ကိုသတိပြုမိသည်။
လေးတောင်ကျော်သည့် သူ့အရပ်အမောင်းကိုပင်မှီခါနီးနီးအထိ။
သူမတင်မက လိုက်ပါလာသောမိန်းကလေးတွေအားလုံးနီးပါး
အရပ်ရှည်ကြသည်ကို သူ..သတိထားမိတာ
အဝေးကလှမ်းကြည့်လျင်တောင် ‌ကျားမမကွဲပြားလောက်သည့်အထိပင်။
နောက်ပြီး ခရီးဝေးကြီးကိုဝေါယာဉ်ထမ်းလာတာတောင်
ချွေးတစက်မထွက်ပင်ပန်းပုံမပြသည့်
အနှီမိန်းမတွေမှာ ပေါ့သေးသေးမဟုတ်ကြောင်းသတိပြုမိသည်။
ထို့ကြောင့်

" အထဲကိုကြွပါ
ထိုင်ပြီးတော့ဆွေးနွေးကြတာပေါ့
မင်းတို့လည်းခရီးပန်းလာမှာပဲ "

" မလိုဘူး လူအရင်မြင်ရမှ
သူ အသက်ရှင်နေသေးလားမျက်စိနဲ့တပ်အပ်အတည်ပြုပြီးမှ
ဆွေးနွေးတာကိုလုပ်နိုင်မယ် "

"_ ဟေး...မင်းတို့ကရင့်လှချည်လား?
_ဝူယဲ့..! "

ထိုမိန်းမ၏မောက်မာလှသောစကားအဆုံးဝယ်
ရပ်ကြည့်နေကြသော လူတွေအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသလို့
သူ၏နံဘေးမှ ဝူယဲ့က ဓားကိုဆွဲထုတ်၍အော်လိုက်လျင်
သူ့မှာဝင်ဟန့်လိုက်ရသည်။
မဟန့်လို့လည်းမရ
တော်ကြာ လက်နက်မပါတဲ့မိန်းမသားတွေကို
တာ့ထန်ပြည်က ယောင်္ကျားတွေကအနိုင်ကျင့်ပါတယ်ဆိုပြီး
တခြားတိုင်းပြည်တွေအထိသတင်းပျံ့သွားရင်
သိက္ခာကျအရှက်ရစရာဖြစ်မည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Où les histoires vivent. Découvrez maintenant