Ep 19

257 13 8
                                    

Unicode

‌သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၁၉)

အခန်း_၁၉(နှုတ်ဆက်အနမ်းလေးတွေသာ ချန်ရစ်ခဲ့ပေါ့)

" ဒါ မင်းအကြံအကုန်ပဲလား
ကောင်စုတ်လေး ကိုယ့်ညီမကိုလူတော်လူမော်လေး
ရွေးပေးမယ်မရှိဘူး
အကိုကြီးဖြစ်တဲ့ သူကပါတစ်ကြိတ်တည်းတစ်ဉာဏ်တည်း
မင်းကို ကျင်းလျိုကအဲ့လိုလုပ်ပေးဖို့ပူဆာလို့လား "

စာကြည့်ဆောင်သို့ရောက်သည်နှင့်
မင်းကြီးမှာ လန်ဝမ်အား ဆူပူမာန်မဲလေတော့သည်။

လန်ဝမ်မှာ မင်းကြီး၏ဒေါသကြောင့်
မည်သည့်စကားမျှခွန်းတုံ့မပြန်ပဲ ခေါင်းသာငုံ့နေလေသည်။
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်ကျလာပြီး
လန်ဝမ်၏ဘေး၌ဒူးထောက်ချလျက် ဝင်ပြောလိုက်လေသည်။

" မဟုတ်ပါဘူး
ရှောင်ကျင်းက ဘာမှမပြောပါဘူး
သားတော်က အဲ့လိုလုပ်ဖို့တောင်းဆိုလိုက်တာပါ "

" ထျန်းကျင်း မင်းလည်းပါတာလား
မင်း မင်းတို့တွေ...!
နေစမ်းပါဦး မေဟွားပါသိနေတာလား
ခုနက သူပြောလိုက်တာကိုငါကြားတယ်
အဲ့တာက ဒီကိစ္စပဲမလား "

" မှန်ပါတယ်
ခမည်းတော်
အဓိကက ရှောင်ကျင်းကအဲ့လူကိုသဘောကျပြီး
သူသဘောကျတဲ့ အဲ့ဒိလူကလည်း
သူ့အပေါ်အပြန်အလှန်သဘောကျပြီး
တန်ဖိုးထားမယ်ဆို တော်ပြီလေ "

သူထင်တာမှန်နေပြီ
ဒါတွေအားလုံး မေဟွားအကြံတွေပဲနေမှာ
ဒီသမီးတော်ဟာ ရှောင်ကျင်းထက်သာ၍ဆိုးရွားလှသည်မှာအမှန်ပင်။
သမီးတော်နှစ်ပါးလားရှိပါတယ် အကုန်ထိန်းမရသိမ်းမရတွေ
ဘာပဲဖြစ်ဖြစ် ဝမ်ယိုဖုန်းတော့မဖြစ်နိုင်ဘူး
ဒီကလေးက စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတော်လေးပေမဲ့
ဘာနောက်ခံအင်အားမှမရှိတာခက်တယ်။
ရှောင်ကျင်းကိုကာကွယ်နိုင်မှာမဟုတ်ဘူး
မိမိကသဘောတူရင်တောင် ရှောင်ကျင်းမယ်တော်နဲ့ဟိုဘက်က
ဆွေမျိုးတော်တွေကလက်ခံမယ်ထင်လား
ဝမ်ယိုဖုန်းပါအသက်အန္တရယ်ရှိမယ်
သူတို့အတွက်ကတော့ ဝမ်ယိုဖုန်းလို လူတစ်ယောက်ကို
လက်စဖျောက်ဖို့ဆိုတာအလွယ်လေးရယ်
ဒါတွေ ဒီကလေးတွေမသိလေရောသလား။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now