Ep 8

281 12 2
                                    

Unicode

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(၈)

အခန်း_၈(မူးရစ်ရီဝေအိမ်မက်ည)

ညက မေဟွားပြောသလိုပင်
သူ အိမ်မက်မက်ခဲ့တယ်။
အိမ်မက်လှလှ‌တော့မဟုတ်ဘူး သိပ်ကိုညစ်ပတ်လွန်းတဲ့အိမ်မက်၊
အိမ်မက်ထဲမှာ သူဟာ မိန်းမတစ်ယောက်နဲ့နမ်းရှုံ့နေတာ
ပြီးတော့ အဲ့မိန်းကလေးဟာ မေဟွားတဲ့။
ဘယ်လိုတောင်ညစ်ပတ်လှတဲ့အတွေးတွေကြောင့်
ယခုလို ရှက်စရာကောင်းတဲ့အိမ်မက်မျိုးမက်ရတာပါလိမ့်။
ပိုပြီးဆိုးဝါးတာက မနက်မိုးလင်းတော့
သူ့အိပ်ယာပေါ်ကအရည်တချို့ရယ်
အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေတဲ့ ကိုယ်ခန္တာရယ်
နောက် ရေချိုးမှသတိထားမိလိုက်တဲ့
ခန္တာကိုယ်ပေါ်မှာကုတ်ခြစ်ရာတချို့နဲ့
အနီကွက်တွေ
အဲ့တာဟာ ဘာအဓိပ္ပါယ်လဲ။
ညက အဖြစ်အပျက်ဟာ အိမ်မက်မဟုတ်ပဲအမှန်တကယ်လား
အမှန်တကယ်ကြီးလို့ခံစားမိအောင် သက်သေတွေကခိုင်လုံနေသည်။
ဒါဆို...!
ထို့ကြောင့် သေချာ‌အတည်ပြုရန်အလို့ငှာ
ကပျာကယာကိုယ်လက်သန့်စင်ပြီ အပေါ်ထပ်ဝတ်ရုံကောက်စွပ်လျက်
ဘေးချင်းကပ်လျက်က မေဟွားအဆောင်ဆီသို့ကူးလာခဲ့မိသည်။

" မေဟွား...
အဟမ်း ငါ ဝင်လာခဲ့မယ်နော် "

တအောင့်မျှကြာသည့်အထိ ဘာအသံမျှမကြားရသဖြင့်
သူ စိတ်ပူလာမိသည်။
ထို့ကြောင့် အခန်းတံခါးကိုတွန်းဖွင့်ကာ
မေဟွား နာမည်ကို တဖွဖွခေါ်လျက်ဝင်ရောက်ရှာဖွေမိတော့
သူ့နောက်ကျောဘက် ရေချိုးခန်းကနေခြေသံကြားလိုက်ရလေသည်။

" ကျွန်မကို ဘာလို့
ဒီလောက်တောင်ရှာနေရတာလဲ "

အသံကြားရာသို့ ရီကျန့်ရှီ သူလှည့်ကြည့်လိုက်မိလျင်
ထိုခဏဝယ် မိမိ၏မျက်ဝန်းတွေဟာ
သူ့မျက်စိရှေ့မှောက်မှ အနှီးမိန်းမဆီကမခွာနိုင်လောက်အောင်
ကြက်သေသေနေမိသည်။
မျက်တောင်ခတ်ဖို့ပင်မေ့လျော့နေမိတဲ့အထိ
မိမိနှုတ်ဖျားထက်က စကားတစ်ခွန်းမျှထွက်မလာနိုင်တော့ပါ။
အကြောင်းကား မိမိရှေ့ကအနှီမိန်းမပျိုသည်
မင်းကြီး၏ပန်းချီကားထဲက ငယ်ချစ်ဦးနှင့်ချွတ်စွတ်တူနေခဲ့၍ပင်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now