Extra

847 24 11
                                    

Unicode

‌သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(အထူးအပိုင်း)

Extra_Special Episode (နောင်ဘဝတွေထိတိုင် မင်းကိုခွဲမသွားဘူး)

ညည့်နက်သွားပြီဖြစ်သော်လည်း
ဟိုင်လန်ရှိ ရဲမက်တို့မှာတစ်ဦးတစ်ယောက်မျှအနားမယူနိုင်ကြသေးပေ။
အကြောင်းကား ယနေ့
သူတို့အရှင်သခင်၏မင်္ဂလာနေ့ရက်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သောက်စားပျော်ပါးကာ အူမြူးနေကြလေသည်
မြူးဆို ယခုလို မပျော်ရွှင်ရသည်မှာကြာပြီကိုး။
ယွီဝမ်၊ဝူယဲ့ နှင့် ယိုဖုန်းတို့တွေမှာ အရက်လိုက်ဖြည့်ပေးနေရသလို
ရင်ရှင်း၊ရန်ကျင်းတို့ မိန်းကလေးတွေမှာ အမြည်းလိုက်ချနေရတာနှင့်လက်မလည်။
ရိယွီကား သတို့သမီး၏အဆောင်ရှေ့၌ကင်းစောင့်နေလေသည်။

" မေဟွား..!
မင်းပြောဖူးတာ ကိုယ်မှတ်မိသေးတယ်
မင်္ဂလာဦးညရောက်ရင် ကိုယ့်ကိုအကုန်ပြမယ်ဆိုတာ "

ဤနှယ် လန်ဝမ်မှာညစ်ကျယ်ကျယ်ပြောရင်း
သူ၏သတို့သမီးလေးအား ထိုင်ခုံထက်ကနေပွေ့ချီကာ
ကုတင်ထက်ကအိပ်ယာပေါ်သို့အသာအယာတင်ပေးလိုက်လေသည်။

" နှာဘူးကြီး အဲ့တာကိုတကယ်မှတ်ထားရလား
အဲ့တုန်းကကျွန်မပြောတာ ကျွန်မမျက်နှာလေ "

" မသိဘူး
ကိုယ်ကတော့တဆုံးထိတွေးထားတာ "

လန်ဝမ်မှာ ထိုသို့ပြောရင်း
မေဟွား၏မျက်နှာလေးအား အပေါ်စီးကနေအုပ်မိုးကြည့်နေရင်းမှ
နဖူးပြင်ထက်မှစတင်ကာ အနမ်းပွင့်တို့စချွေလေတော့သည်။
နှုတ်ခမ်းသားနှစ်စုံကိုထပ်တူကျစေလျက်
အတန်ကြာ အနမ်းချင်းဖလှယ်ပြီးနောက်
လန်ဝမ်မှာ သူ၏လက်တို့ကို ‌အောက်ဖက်ဆီသို့ရွေ့လျက်
အဝတ်တွေချွတ်မည်ပြုလိုက်ရာ

" ခဏလေး..!
အပြင်မှာတစ်ယောက်ယောက်ရှိနေလား "

' ဟင် ဘယ်သူရှိနေတာ
အာ ဟုတ်သား "

‌မေဟွား၏စကားကြောင့် လန်ဝမ်မှာ
ယခုမှ တခုခုကိုသတိရသွားဟန်ဖြင့် မတ်တပ်ရပ်လိုက်ပြီးလျင်
အခန်းအပြင်သို့လှမ်းအော်လိုက်လေသည်။

အပြင်ဘက်တွင်လည်း ရိယွီမှာ
အခန်းထဲက အသစ်စက်စက်မင်္ဂလာမောင်နှံမှာ
တိတ်ဆိတ်လို့နေသဖြင့် အားမလိုအားမရဖြစ်လာကာ
တတ်နိုင်သမျှ သူ၏အတွင်းအားတို့ကိုစုစည်းလျက်
နားရွက်ဆီပို့ပို့လွှတ်၍ အစွမ်းကုန်နားစွင့်ထားလေသည်။
ခဏကြာသော် အထဲမှအသံထွက်လာလေသည်။

သစ္စာနဲ့ပဲမောင့်ကိုစောင့်ကြိုမယ်(Completed)Where stories live. Discover now