(Uni)
.
.
.
သားတို့ရေ လာတော့လေ ကျောင်းနောက်ကျအုံးမယ် ။
လာပီမေမေ ချင်းကဂျီတိုက်နေတယ်မေမေ တူအဲ့အင်္ကျီီမဝတ်ချင်လို့သဲ့"
ချစ်ဖို့ကောင်းစွာပြန်တိုင်နေတဲ့ခွန်းလေးဟာ သူမမွေးထားတဲ့အမွှာနှစ်ယောက်မှ အကြီးလေးဖြစ်သည် ရက်ကွက်တခုမှာနေရင်း ပန်းအလှဆိုင်လေးဖွင့်ပီး တခြားအချိန်ပိုင်းအလုပ်လေးတွေလုပ်ရင်း သူမကလေးတွေကိုရှာဖွေကျွေးမွေးသည် သူများမိဘလိုအများကြီးမလုပ်ပေးနိုင်တဲ့သူမကိုလေးနှစ်အရွယ် သူမသားလေးနှစ်ယောက်က နားလည်ပေးသည် တခြားကလေးလိုလိုချင်တာကိုမရမနေမပူဆာတတ် အမြဲမိခင်မျက်နှာကိုကြည့်ရင်း တွေးပေးတတ်သည်
Single Momဖြစ်တဲ့သူမဟာကလေးတစ်ဖက်အလုပ်တစ်ဖက်နဲ့မို့ အချိန်ဆိုတာသိပ်မရှိလှ ကလေးတွေ အတွက်မိခင်မေတ္တာရော ဖခင်နေရာပါတာဝန်ယူ၍နေခဲ့သည် တခါတလေ ဖခင်ကိုမွေးထဲကဘယ်လိုဘယ်ပုံရှိမလဲမသိတဲ့ သူတို့လေးတွေကိုမြင်ရင် ကြိတ်ငိုခဲ့ရသည့်နေ့တွေ ကိုမုန်းမိသည် ခွန်းနဲ့ချင်းသာမရှိရင်သူမကမ္ဘာကြီးပျက်သုဉ်းသွားမည် ထိုအမွှာလေးတွေက ထိုယောကျာင်္းရဲ့သွေးသားဖြစ်သလို သူမရဲ့သွေးသားလဲဖစ်သည်....
ထိုလူသားကတော့ လောကကြီးထဲမှာထိုအမွှာလေးရှိနေခဲ့တာသိမည်တောင်မဟုတ်...
အခုလောက်ဆို သူချစ်တဲ့မိန်းခလေးနဲ့ ကလေးတယောက်ခွန်းနဲ့ချင်းလိုအရွယ်လေးမွေးထားသည်လို့ကြားမိသည် သူပျော်နေမှာပါ ကွာရှင်းတဲ့အဲ့နေ့လေးကနေစပြီးတော့ပေါ့...
(လွန်ခဲ့သော 6နှစ်ခန့်)
******************************
သူမနာမည်က ပန်ပန်သူမအသက်21ဘွဲ့ရပီး သူမအိမ်ရဲ့စီးပွားရေးလုပ်ငန်းကိုဦးစီးနေခဲ့သည်...
ရုပ်လှယုံမက အရည်အချင်းပါပြောစရာမလိုတဲ့သူမကို လူတွေကမာနကြီးတယ် ရိုင်းစိုင်းတဲ့သူအဖြစ်သိသည် လိုချင်တဲ့ဟာလဲ ရအောင်ယူသလို တဖက်သားအပေါ်မှာ လေးစားမူမရှိ အကြင်နာကင်းမဲ့သူပေါ့ ယနေ့ခေတ်အရ သူမဟာဗီလိန်
အမေဖြစ်သူကသူမမွေးပီးပီးချင်းမှာပင် ဆုံးခဲ့ပီး အမေဖြားယောင်းသွေးဆောင်ကာ ယူခဲ့တဲ့သူမအဖေဖြစ်သူနဲ့ သူ၏အချစ်ဦး ယခုတော့ သူမမိထွေးပေါ့ သူ့တွင်လဲ သူမအရွယ်သမီးနှစ်ယောက်ရှိတယ်
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)