Ep-12

14.1K 233 9
                                        

(Uni)
.
.
.
ပြီးပါပြီရှင့်။

မိတ်ကပ်ပြင်ပေးသည့်သူသည် ပန်ပန်အားပြင်ဆင်ခြယ်သပေးပြီးပြီဟုပြောလာလေသည်

အိုး.... လှလိုက်တာ သမီးရယ်။

အဟင်း.....ကျေးဇူးပါအန်တီ။

သူမဟာသတို့သမီးဝတ်စုံလေးနဲ့သိပ်ကိုလှသွေးကြွယ်နေသော ဒီနေ့ရဲ့အဓိကဇာတ်လိုက်မလေးတယောက်ဖြစ်နေလေသည်

ဒါနဲ့အမ်းရောပြီးပြီလားဟင်။

ပြီးနေပီသမီးရဲ့ ရှေ့မှာသူ့သူငယ်ချင်းတွေနဲ့မတွေ့တာကြာလို့တဲ့ စကားတွေပြောနေလေရဲ့။

ဟုတ်ကဲ့...။

မကြာခင်လက်ထပ်ပွဲစဖို့အချိန်ကျပါတော့မယ့်နော်...။

မန်နေဂျာ၏အသိပေးသံကြောင့်ဝန်ထမ်းများလူပ်ရွလာကာ သူတို့အလုပ်နေရာတွင်နေရာယူကြသည်

မဒမ်မွန်နဲ့အန်ကယ်မဟာကတော့အိမ်တော်ထဲကပြင်ဆင်ထားသော ခမ်းမထဲသို့အရင်သွားမှာမို့ထွက်သွားလေသည်

ထိုင်ခုံမှာအငြိမ်လေးထိုင်နေပေမယ့် ရင်ဘတ်ထဲကအကောင်က ခုန်ထွက်ချင်နေသလိုအဆက်မပြတ်လူပ်ခါနေပါသည်
သူမသာအသိဆုံးမို့လို့ အပြင်ပိုင်းကြည့်ရင် ဘယ်သူကမှရိပ်မိမည်မဟုတ်ပါ....

အမ်းဒီမဟာ... ။

မင်းတို့ပါလား...။

ဟမ်....ဒါပဲလားဟ...မတွေ့ရတဲ့နှစ်တွေအတွင်းကိုယ့်သူငယ်ချင်းတွေကိုဒီလိုနူတ်ဆက်တာပေါ့လေ....။

နိုင်းသည်အမ်းအားမနေနိုင်စွာပြောလာပါသည် သူ့မင်္ဂလာဆောင်မှာ မျက်နှာသေနဲ့နေပီး လာနူတ်ဆက်သမျှလူကိုအင်းမလုပ်အဲမလုပ်ပဲအကြည့်နဲ့လာမရူပ်နဲ့လို့သတိပေးနေပါသည်....

အမ်းဒီမဟာ လက်ထပ်မှာမို့အဝေးကနေရောက်ချလာကြတဲ့သူငယ်ချင်းနှစ်ယောက်မှာ အမောပင်စို့ရပါသည် ...
မတွေ့ရတာကြာနေတာတောင်အမ်းက သူတို့ကိုတွေ့သော်လဲမပျော်ပုံနှင့်

ပန်ပန်ကြောင့်လား။

.....။

ငါပြောမယ်နော်အမ်း....အခုမင်းကသတို့သားလေကွာ အခုဒီဝန်းကြီးထဲမှာလူကြီးတွေမှအများကြီးပဲ မင်းမျက်နှာကို ပြင်လိုက်အုံး ။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now