🌊မင်းမရှိပဲ...(Ep-29)🌊

27.3K 461 34
                                        

(Uni)
.
.
.
.
မေမေရေ...အီးဟီး ဖေဖေ့ကိုကယ်ပါအုံး...သွေးတွေ အီးဟီးဟီး။

တစ်ယောက်ငို တစ်ယောက်က ရိူက်တောင်ရိူက်နေလေသည် ကျောင်းအင်္ကျီလက်တိုအဖြူလေးတွေမှာလည်း သူ့သွေးတွေထင်ပါ့ နီရဲလျက် ပေပွနေပါသည်

သူမအလုပ်မှာရှိနေတုန်း အန်တီမွန်ဆီကဖုန်းဆက်လာခဲ့သည် အမ်းဒီမဟာနဲ့သားတွေအကြောင်းရုတ်တရက်ကြီးကြားလိုက်ရတော့သူမလန့်ဖြန့်ကာ အလုပ်မှ အပြေးအလွှားလာခဲ့သည် ဒါတောင် အလုပ်အပ်သူက မကြည်ပါလေ သူမလဲ မျက်နှာပျက်ရင်လဲပျက်ပါစေတော့ဆိုပြီး လှည့်မကြည့်ပဲ အမ်းဒီမဟာနဲ့သားတွေဇောဖြင့်ထွက်လာလေသည်

သူမလဲအခုအခြေအနေကြောင့်ဘာလုပ်ရမလဲမသိပါ အရေးပေါ်အခန်းကနေတစ်ဦးတစ်ယောက်ရဲ့အရိပ်ယောင်တောင် သူ့အခြေအနေကိုမေးမြန်းဖို့ထွက်မလာကြသေးပါ အန်တီမွန်နဲ့အန်ကယ်လဲ နေမကောင်းတဲ့ကြားက သားဖြစ်သူကြောင့်စိုးရိမ်သောကရောက်နေပါသည်...

အချိန်အတန်ကြာတော့ ခွဲစိတ်ဆရာဝန်တွေထွက်လာကြလေသည်

အန်ကယ်မဟာ။

အမ်းအခြေအနေဘယ်လိုလဲ ။

ဆရာဝန်ကတစ်ယောက်ထဲကုသတာမဟုတ်ပေမယ့် ထိုဆရာဝန်တွေထဲက အန်ကယ်မဟာနဲ့သိသူတစ်ယောက်နဲ့ သူနာပြုတစ်ယောက်သာကျန်ခဲ့ပြီး စကားပြောလာသည်

အသက်အန္တာရာယ်တော့စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး မကြာခင်သတိရလာပါလိမ့်မယ် အပြင်ပိုင်းဒဏ်ရာတွေကတော့များလို့ ကွဲထွက်သွားတဲ့နေရာတွေချူပ်လိုက်ရတယ် ဦးခေါင်းပိုင်းလဲပါပါတယ် လက်တွေမှာလဲ ကွဲထွက်သွားတာတွေရှိတယ်လေ သိက်မစိုးရိမ်ကြပါနဲ့

ကျွန်တော်တို့အကောင်းဆုံးကုသပေးထားပါတယ် အခုတစ်လောတော့ ရေတွေအရမ်းပေးမထိခိုင်းပါနဲ့ ချူပ်ရိုးတွေပြန်ပြေကုန်မှာစိုးလို့ပါ
လူပ်ရှားမူလဲ သိပ်မလုပ်ခိုင်းပါနဲ့...အဟင်း။

ကျေးဇူးပါစည်သူရာ။

ရပါတယ်ဗျာ ဒါနဲ့ ဟိုသားလေးဒဏ်ရာကိုဆးလိမ်းပြီးပြီလား...အဟင်း.. မငိုနဲ့နော် သားဖေဖေဘာမှမဖြစ်ဘူး ကောင်းသွားပြီ ။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Donde viven las historias. Descúbrelo ahora