(Uni)
.
.
.
.
သား...အဲ့ကလေးကိုချလိုက်စမ်းအခု
မင်းသွေးသားတွေရှေ့မှာ ဘယ်လိုလုပ်လိုက်တာလဲ ။
ပန်ပန်နဲ့ငိုနေတဲ့အမွှာလေးတွေ မျက်ရည်တွေနှာရည်တွေလဲထွက်ကာငိုနေရင်း အပေါ်သို့တက်သွားတော့ မြင်နေရတဲ့မဒမ်မွန်ကစိတ်ဆိုးလာပါသည်
တော်လဲလေ ကလေးတယောက်တောင်အိမ်ပြန်မသယ်သွားနိုင်ဘူးလား...ကျွန်မမြေးတွေငိုရပီအခုတော့ ကျွန်မရှင်တို့သားအဖနဲ့သေချင်တယ် သေသာသေလိုက်ချင်တယ်သိလား...သမီးပန်ကိုလဲမထည့်တွက်ကြဘူး...။
မဒမ်မွန်ကိုယ်တိုင်ရွေးထားတဲ့ချွေးမဖြစ်သလိုသမီးတယောက်လိုချစ်ရတဲ့ပန်ပန်ကို ကိုယ်ချင်းလဲစာသလို ပန်ပန်အစားလဲ သူမရင်တွေနာရပါတယ်လေ..
မွန်ရာ ကလေးလေကွာ ဘာသိမှာမို့လို့လဲ လျှံလေးက ကလေးလေးတယောက်ပါပဲကွ သူ့ရှေ့မှာအဲ့လိုမပြောသင့်ဘူးလေ..။
သြော်...သူကကလေးဆို ခွန်းနဲ့ချင်းကရော ကလေးမဟုတ်ဘူးလား ဟင်...အဖေတယောက်လုံးက တခြားသူကလေးကိုချီနေတာ သူတို့ရင်ထဲဘယ်လောက်တောင် ခံစားရမလဲ ရှင်မတွေးဘူးလား...ကျွန်မမြေးတွေနဲ့ သမီးပန်လဲ အသက်နဲ့ပါ.. အသက်နဲ့ပါ ရှင်တို့ရဲ့ မေတ္တာတရားကြီးမားမူတွေကြောင့် ကျွန်မမြေးတွေ စိတ်ဒဏ်ရာမရစေနဲ့နော် ကျွန်မဒါပဲပြောမယ် ကျွန်မမြေးတွေတစ်ခုခုဖြစ်ကြည့် ကျွန်မကိုယ့်ကိုယ်ကိုသတ်သေပစ်မှာ။
အမေ...တော်ပါတော့..လူကြီးတွေကြောင့် ဘာမှမဆိုင်တဲ့ကလေးကိုငိုနေရအောင်မလုပ်ပါနဲ့...။
လူကြီးစကားဝိုင်းထဲ လျှံမဟာလေးက အမ်းဒီမဟာ လက်ထဲမှာ မျက်ရည်တွေဝဲကာမဲ့နေပါသည်...
အဘိုးကချစ်တယ် အဘွားကသူ့ကိုဆိုမချစ်ဘူးလို့ အိမ်တော်မှာနေထဲက အမ်းဒီမဟာကို ပြောလေ့ရှိကာ တစ်ခါတလေ ငိုပါငိုခဲ့သည် ထို့ကြောင့် ဘယ်ကလေးမှ စိတ်ဒဏ်ရာမရစေချင်ပါ သားတွေကအပေါ်ကိုငိုကာတက်သွားတာသူမြင်ပေမယ့် လျှံလေးကို ပစ်ထားရင် လျှံလေးကသူ့နောက်ကိုပဲတွယ်ကပ်နေမှာပဲ အဲ့တာကြောင့် နောက်မှ သူချော့ဖို့ ဆုံးဖြတ်ခဲ့ပါသည်
*********
သား...လျှံလေး...။
မေမေ။
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)