Ep-4

16.1K 312 1
                                        

(Uni)
.
.
.
အခုတလောရှင်ဘာလုပ်ဖြစ်လဲ ။

.......။

ရှင်ကတကယ်ပဲနော် နှစ်ယောက်ထဲ ရှိတာကို စကားလေးဘာလေးပြောပေါ့ ကျမကတယောက်ထဲပြောနေရတာအရူးလိုပဲ။

လင်တဘာထည့်ပေါင်းမှအဲ့အရူးကပိုပြည့်စုံလောက်မယ်။

ဘာ....ဟင်း...ဟင်း...ရှင်ပြန်ပြောပီပဲ အဲ့တော့ ရှင်ကကျမကိုလင်တရူးလို့ပြောချင်တာလား။
အဲ့နမည်ကိုရှင်ကျမနဲ့လိုက်တယ်ထင်လား။

ထင်တဲ့အဆင့်ပဲမင်းကိုယ်မင်းဆက်ထင်နေသေးတာလား တကယ်လို့ရောမတွေးဖူးလား။

အိုးမိုင်ဂေါ့ ရှင်ကချေတာတောင်ချစ်ဖို့ကောင်းနေတာလား။

ကားပေါ်မှာမင်းဖင်မြဲချင်သေးရင် တိတ်လိုက်တော့။

ရှင့်ရဲ့လင်တရူးလေး လိုက်နာပါ့မယ့် အဟင်းဟင်း။

သူဒေါသထွက်နေပီဆိုတာသူမသိသည် ဘယ်တတ်နိုင်မလဲ သူမှသူမကိုစကားမပြောတာ ....
သို့ပေမဲ့ ပန်ပန်သည် အသံတိတ် သွားပေမဲ့ မျက်လုံးနဲ့အနှောင့်ယှက်ပေးပြန်သည်....ရှေ့ကိုမကြည့်ပဲ ကားမောင်းနေတဲ့ အမ်းဒီမဟာ အားစက္ကန့်မလပ်ကြည့်နေလေသည်...

ဒါဟာကားမောင်းတဲ့သူအဖို့ တကယ့်ကိုအာရုံနောက်စရာပါ...

အမ်းဒီမဟာ သည်လဲ သိသည် သူမသူ့အားကြည့်နေတာကို
ဒီမိန်းမသည်ရူးနေတာမှလိုက်မမှီအောင်ပင် ဒါပေမဲ့ သူဟာလဲကားကိုသာအာရုံထားမောင်းနေသည် သူမအားမကြည့်ပါ

ထို့နောက် တိတ်ဆိတ်နေတဲ့ ထိုနှစ်ယောက်အကြားဖုန်းမြည်လာလေသည်..မြည်သောဖုန်းဟာ အမ်းဒီမဟာ ဖုန်းပင်

"မ"

ပန်ပန်သူ့ဖုန့်မျက်နှာပြင်အားမြင်တော့ သူ့ကိုကြည့်ပီး ပြုံးနေတဲ့သူမအပြုံးတို့ဟာပျောက်ရှသွားသည် အချိန်မဆွဲပဲအမ်းသည် ဖုန်းကိုင်လိုက်ပါသည်..

ဟယ်လို မောင် ဖုန်းခေါ်ထားတာလား messages တွေလဲပို့ထားတယ် ဘာဖြစ်လို့လဲဟင် ။

မကရော ဘာလို့မကိုင်တာလဲ။

ဟို အဲ့ဒါ မောင်ပြန်ပြီးတော့ညကမစောစောအိပ်ချင်လာလို့လေ ပီးတော့ အခုရက်ပိုင်းအလုပ်နဲ့ သိပ်အိပ်မရတာမို့ အိပ်ဆေးပါသောက်လိုက်တာအဲ့တာကြောင့်။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now