ထွက်ပြေးသွားတဲ့ သူမ(Ep-33)

28.5K 499 105
                                        

(Uni)
.
.
.
ပန်....။

သူကသူမနောက်ပြေးလိုက်လာကာ သားတွေနဲ့သူမရှေ့တွင်ပိတ်ရပ်လိုက်သည်...

သူမက သူ့ကိုကြည့်ပြီး  နူတ်ခမ်းစွန်းတစ်ဖက်မဲ့မိလေသည်

ကျွန်မစိတ်မကောင်းပါဘူး ရှင့်အတွက်...ရှင်ခံစားရမှာပေါ့ အဟင်း။

ကိုယ်နဲ့သူ့ကြားမှာဘာမှမရှိတော့ဘူး ကိုယ့်ကိုမရွဲ့နဲ့ပန် ကိုယ်တို့အိမ်တော်ကိုပြန်ရအောင် ။

အဟွန်း....။

သူမကလက်ထဲကကလေးနှစ်ယောက်ကိုခေါ်ပြီး သူကသူမမျက်နှာအရိပ်အကဲကိုကြည့်မိတော့ သူမကသူ့ကို ထပ်ခနဲ့သည်...

နောက်ဆုံးသူမကိုစောင့်ခေါ်ကာကလေးနှစ်ယောက်ကိုဆွဲခေါ်ပြီး ကားထဲသို့ဝင်စေကာအိမ်တော်ကို မောင်းလာကြသည်...

သူမကတော့ သူ့အားစကားမပြောတော့သလို မျက်လုံးချင်းလည်းမဆုံတော့ မျက်နှာလွှဲနေလေသည်

************

မချိုကလေးတွေကိုသန့်ရှင်းပေးလိုက် ။

ဟုတ်ကဲ့သခင်လေး။

ပေစုတ်နေတဲ့ပုလုံးနှစ်ယောက်ကိုမိချိုလက်ထဲထည့်ပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါသည်...

သူမကအိမ်တော်ကိုပြန်ရောက်တော့ တန်းပြီး အပေါ်ထပ်ကိုတက်သွားတယ် သူသိတယ်သူမနဲ့သူ့ကြား ရန်သာမဖြစ်ကြပေမယ့် ပိုဆိုးနေပြီဆိုတာ...

.........။

အားတယ်ဝိုင်...အတော်ပဲပေါ့ အဟင်း။

........။

ရတယ်လေ အဲ့ဆိုဘယ်ချိန်လောက်လဲ ။

........။

ဟုတ်ကဲ့ ဒါပဲနော် ။

ဘယ်သွားမလို့လဲ ။

သူအပေါ်ထပ်တက်ပြီးထိုကိစ္စကိုပြောမလို့လာတော့ကုတင်ပေါ်မှာဖုန်းပြောနေတဲ့သူမ သူကသူမဘာလုပ်လုပ်သိချင်နေတဲ့သူမို့မေးလိုက်လေသည်

ရှင့်အပူသာရှင်တွေးစမ်းပါ ကလေးအင်္ကျီီတွေအရုပ်တွေ မုန့်တွေ ကိုယ်ဝန်ဆောင်တွေအားဖြည့်တဲ့ဆေးတွေ သွားပို့ပေးလိုက်အုံး တော်ကြာ ရှင့်မအားငယ်နေအုံးမယ်။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now