(Uni)
.
.
.
မပန်။
....ကိုစက်ခအလုပ်မနားသေးဘူးလား ။
မီးပိတ်ကာ ခေါင်းအုံးနေရာတကျ ချတုန်းရှိသေးတယ် တံခါးခေါက်သံကြားတော့ သွားဖွင့်လိုက်ပါသည်
အမ်းဒီမဟာဆိုရင်တံခါးဘယ်တော့မှမခေါက်တာမို့ တခြားသူမှန်းသိလိုက်သည် ကိုယ်တိုင်သွားဖွင့်မိခြင်းဖြစ်၏
နောက်တော့ ကိုစက်ခကဖြစ်နေလေသည်....
ဟို...ကျွန်တော် ပြောစရာရှိလို့ပါ ။
ဒီ..အချိန်ကြီးလား..။
ဟုတ်ကဲ့။
သြော်အင်း ပြောလေ ဘာများပြောစရာရှိလို့လဲ ။
သခင်လေးကို ခွင့်လွှတ်ပေးပါ ။
ရှင်.....။
သခင်လေးကအခုသူ့ကိုယ်သူအပြစ်ပေးနေတယ်မပန် ။
ဘာလဲ ဘာတွေပြောနေတာလဲ?
အမ်းဒီမဟာက ဘာဖြစ်လို့ ငါကခွင့်လွှတ်ရမှာလဲ...စက်ခပြောစကားကြောင့် သူမနားမလည်သလို ကြည့်ကာ ဆက်နားထောင်နေပါသည်
မပန်အပေါ်လုပ်ခဲ့တဲ့အပြစ်အတွက် အခုသခင်လေးက ကျွန်တော့်ကို သူခန္တာကိုယ်ကိုချူပ်ပြီး သရေပတ်နဲ့ အချက်ပေါင်းများစွာ ရိုက်ခိုင်းတယ် ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး မပန်ကပြောပေးပါဗျာ...သခင်လေးကအခုခြံဝန်းထဲကဂိုထောင်ခန်းမှာပါ..ကျွန်တော်မလိုက်တော့ဘူး မပန်ကပဲဖျောင်းဖျပေးပါ။
.......။
စက်ခပြောပြီး ထွက်သွားသည် သူမကကြောင်အစွာနဲ့ ရပ်နေရင်း...
*အပြစ် သူ့ကိုယ်သူအပြစ်ပေးတာ..ဒီလူရူးနေတာလား..ကျစ်*
သူမအမြန်အောက်ထပ်ကိုဆင်းရင်း အိမ်တော်ခြံဝန်းထဲကဂိုဒေါင်ဆီသွားလိုက်ပါသည် အပြင်ဘက်ကလဲ အနည်းငယ်အေးနေပြီး သူမကလဲ ဂါဝန် အပါးသား လက်တစ်လုံးကိုဝတ်ထားတာမို့ အပေါ်ထပ်က အနွေးထည်အဖြူအပါးလေးကိုဆွဲဝတ်ကာ ထွက်လာပါသည်
မှောင်မည်းနေသည်လဲ မဟုတ် မိူင်းပြပြနဲ့ မီးရောင်မှိန်မှိန်သာရှိတဲ့ဂိုဒေါင်ထဲ သူမဝင်လာတော့..
ရှင်ဘာလုပ်နေတာလဲ ။
...ပန်။
ဘောင်းဘီအနက်အရှည်တစ်ထည်နဲ့ အပေါ်ပိုင်း အဝတ်ကင်းမဲ့နေတဲ့ သူ...နောက်ကျောပြင်ကျယ်မှာလဲ အညိုရောင်ဘက်သန်းနေတဲ့ အရာတွေနဲ့ ပြည့်နေသည် ရန်ဖြစ်ခဲ့တာမဟုတ်ပဲ စက်ခကိုရိုက်ခိုင်းခဲ့တာပဲ သံကြိုးတွေနားကပ်ကာ သူမလာတာကိုမသိပဲ စက်ခလို့ထင်နေပုံရတယ် အသံပြုမှ သူမကိုလှည့်ကြည့်လေသည်...
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)