(Uni)
.
.
.
ချစ်ရလား....ချော်လဲမယ် ဖြည်းဖြည်းဝင်။
ကားဆီကိုရောက်တော့ လူတွေလဲအတော်စိုရွှဲနေပါပြီလေ
သူကတံခါးဖွင့်ပေးကာ သူမကိုအသာဝင်စေပြီး သူပါမောင်းသူ ခုံမှာ ဝင်ထိုင်လိုက်သည်
ကိုယ်တို့ဒီနားက အင်္ကျီီဆိုင်ကို အရင်ဝင်မလား ...ဒါမှမဟုတ် ဟိုတယ်အရင်သွားမလား ချစ်အဝတ်တွေစိုနေတာ ဖျားမှာဆိုးလို့ ဟိုမှာစောင်ခနပတ်နေလိုက်လေ ။
အာ....ပန်ကြောက်တယ် တစ်ယောက်ထဲမနေခဲ့ရဲဘူး အခုပဲ အကျီဆိုင်ဝင်လိုက်မယ်လေနော် ။
အင်း...။
သူကပြောပြီး လမ်းအနီးက အထည်ဆိုင်ကိုဝင်လိုက်လေ၏
မိုးရာသီထီးမဆောင်ထားမိတာ အတော်ဆိုးတဲ့ ဒုက္ခပင်
ကို ဒါလေးယူလိုက် လက်တိုမယူနဲ့အေးနေတယ် လက်ရှည်လေးယူချေ...။
ဆိုင်ထဲကသူနဲ့လိုက်တဲ့ ယောက်ျားလေးအဝတ်တန်းဘက်သွားကာ ကြည့်ကောင်းပြီးနွေးမည့်အထည်လေးစီစစ်ပေးမိသည် ဂျင်းဘောင်းဘီအမဲတစ်ထည် အပြာဖျော့ဖျော့တစ်ထည် ကိုကောက်ရွေးပေးကာ ဟူဒီ
အမဲရောင်နဲ့ရှပ်အင်္ကျီီအဖြူအပွတစ်ထည်ကိုရွေးပေးလိုက်သည်
သူကသူမရွေးပေးသမျှကို ဘာမှပြန်မပြောဘဲလိုက်ကြည့်နေလေသည် သူမလဲ ဝတ်စုံတစ်ချို့ကို ရွေးပြီး ကောင်တာမှာ ငွေရှင်းလိုက်သည်...
ဒီထီးရောင်းပေးပါ ။
သူကတန်းတစ်တန်း ဘေးမှာချိတ်ထားတဲ့ထီးတစ်ချောင်းကို ဝန်ထမ်းအားမေးငေါ့ပြလေသည်
ရောင်းတာမဟုတ်...။
ဝန်ထမ်းက ရောင်းတာမဟုတ်ကြောင်း ပြောမလို့ပြင်ရင် သူက ထီးတစ်ချောင်းတန်ဖိုးထက် များတဲ့ တန်ကြေးကိုပေးကာ ထီးကိုယူလိုက်သည်
ကျေးဇူးပါရှင့်...။
ဝန်ထမ်းကတန်ကြေးအများကြီးရတော့ ပျော်ကာ နူတ်ဆက်လေသည်
ဒီလိုနဲ့သူတို့ ကားဆီပြန်လာလိုက်လေသည်
*********
ကိုနဲ့ဟူဒီလိုက်သားပဲ ကျောင်းတုန်းကအတိုင်းပဲ အဟင်း...။
အနီးနားကဟိုတယ်တစ်ခုမှာဝင်တည်းမိလေသည် သူကရေစိုအဝတ်တွေကိုလဲကာ ဝယ်လာသောအဝတ်တွေကိုလဲဝတ်ပြီး ခေါင်းကုတ်နေလေ၏
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)