မကောင်းတဲ့လူ(Ep-32)

26.3K 460 26
                                        

(Uni)
.
.
.
မဟာအိမ်တော်)))...

မေမေ ။
မေမေ။

အား...လာပါအုံး မေ့သဲလေးတွေ မွ..မွ။

ကမ်းခြေမှာဆက်ပြီးအချိန်မဆွဲတော့ပဲ အိမ်တော်ကိုသာအမြန်ပြန်လာခဲ့လိုက်သည် သူကတော့ သူ့ဘာသာပြန်လာပြီး သူမကငယ်သားတွေနဲ့အတူသာပြန်လာလိုက်ပါသည်

သူ့ကားနဲ့ပြန်ဖို့သူမကိုအတင်းခေါ်ခဲ့ပေမယ့် သူမစိတ်ဆိုးကာအနားမကပ်ဖို့ဝေးဝေးနေဖို့ပြောတော့မှ
သူ့ဘာသာသွားလေသည်

ကိုဆင့်ခွန်နောင်နဲ့မနှင်းဆီဝိုင်ကတော့သူ့တို့ဘာသာပြန်ကြမယ့်ပုံ သူမရောက်ရင်လဲတွေ့ရမှာမို့ နူတ်မဆက်တော့ပဲ ထွက်လာခဲ့ခြင်းဖြစ်သည်

ဖေဖေရေ...သားသားတို့ဖို့မုန့်ပါလားမေမေရော မုန့်မုန့်လေ မုန့်မုန့်။

မုန့်က...အခုမပါသေးဘူး ဖေဖေနောက်မှဝယ်ကျွေးမယ်နော်..။

ဟင့်...ဖေဖေဖုန်းထဲမှာပြောတော့မုန့်မုန့်ဝယ်လာမှာဆို အခုကျတော့ မပါဘူး...ဟင့်ဟင့်။

ကမ်းခြေမှာကလေးတွေစားသည့်မုန့်ဆိုတာ သိပ်မရှိပါ သူကဒီအတိုင်းငြိမ်ရအောင် ပြောလိုက်သည်ကို သားတွေကမှတ်ထားကာ ယခုဂျီတိုက်နေလေသည်

အိမ်မှာလဲမုန့်တွေရှိနေတာကို ဘာလို့ဂှိကျနေတာလဲသားငယ် မေမေမကြိုက်ဘူးနော်...။

အီးဟီး...ဟင့်အင့်..ဟီးဟီးဖေဖေ။

ကျစ်..ငယ်လေးမေမေရိုက်မှာနော်..။

သူမကဘာမဟုတ်တာလေးနဲ့ဂျီကျနေတာသောကြောင့် ငေါက်လိုက်တော့ အဖေဖြစ်သူကိုဖက်တွယ်ကာ ငိုပွဲကျတော့သည်...

အေးအေး...မငိုနဲ့ ..မပြောဘူးမပြောဘူး...သားကိုမပြောဘူးတိတ်တိတ်..ဖေဖေကစားကွင်းလိုက်ပို့ပေးမယ်..နော်...။

သားသားက..ဟင့်အီးဟီး။

အေးပါကွာ..တိတ်ပါမငိုပါနဲ့...ချစ်ကလဲ ဘာလို့ကလေးကိုအော်တာလဲ ကောင်းကောင်းပြောရင်ရတဲ့ဟာကို။

ရှင်ကျွန်မကိုဆရာကြီးလာလုပ်မနေနဲ့...ခွန်း..နေအုံးနော်မေမေရေချိုးပြီးရင်ဆင်းလာမယ်...ပြီးမှ ညစာလုပ်ပေးမယ် ဟုတ်ပြီလား။

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now