(Uni)
.
.
.
ကြိုဆိုပါတယ်ရှင့်။
သူတို့နှစ်ဦးသည်ဆိုင်ထဲသို့ဝင်လာကြပါသည်
သူသည်ဝင်ဝင်လာခြင်းပင် လျှောက်ပြီးတောင်ဝတ်စုံများအားမကြည့်ပါ
ဧည့်သည်ခုံတွင်ဝင်ထိုင်ကာ ခြေချိတ်လိုက်ပါသည် ပြီးနောက်
ရွေး....ငါထိုင်စောင့်နေမယ်။
ရှင်ရောမကြည့်တော့ဘူးလား။
မင်းရွေးတဲ့ဝတ်စုံနဲ့တွဲဖက်ဝတ်စုံပါလာမှာပဲလေ ရွေးစရာလိုလို့လား။
ရှင်...။
ဘာလဲရှင်က ဘာဖြစ်ပြန်တာလဲ ။
ရှင်လဲစိတ်တိုင်းကျမှဖြစ်မှာပေါ့ အဲ့လိုပြီးစလွယ်ကြည့်ပီး ရှင်မကြိုက်ခဲ့ရင် အဲ့ဒီ့ မကြိုက်တာကြီးကိုပဲဝတ်ဖို့လား။
ငါ့ရဲ့စိတ်တိုင်းကျက မင်းနဲ့စတွေ့ကတည်းက မရှိခဲ့တာပဲ...ဒီလောက်ဆို မင်နားလည်လောက်ပါတယ် ငါထပ်ပြောရင် ဆိုင်ထဲကလူတွေရဲ့မျက်လုံးကမင်းအိမ်ထိကပ်ပါလာကြလိမ့်မယ်။
သူသည်တကယ်ပဲလူကိုခံစားရအောင်ပြောတတ်ပါသည် စတွေ့ထဲကတဲ့လား
အဲ့ဒါဆို ရှင်စောင့်ပါ...ကျွန်မသွားရွေးလိုက်မယ်။
ပြန်တောင်ခွန်းတုံ့ပြန်မလာပဲ သူ့အိတ်ထဲကဖုန်းအားယူထုတ်ပီး ကြည့်နေနေသည် သူမနဲ့ပတ်သတ်ရင်သူသည်ဘာကိုမှစိတ်မဝင်စားပေ..သို့သော် သူမကတော့ သူနဲ့ပတ်သတ်ရင်အသေးအမွှားလေးကအစမှတ်ထားပါသည်
ဒါဟာသူ့ကိုချစ်လို့ သူချစ်တာကိုခံချင်လို့
သူ့ရဲ့ အရာရာကိုမြတ်နိုးမိလို့
သူမဟာအစွဲလမ်းကြီးတတ်လို့လား ဒါမှမဟုတ် အချစ်ကြီးလို့လားမသိပါ
သူဘာပြောပြော သူဘယ်လိုလုပ်ရက်ကိုလုပ်လုပ် သူမအတွက်တေါ့မုန်းမရတော့ပါ...
သူမဟာလှပသော ဝတ်စုံဂါဝန်တွေချိတ်ထားသော လျှောက်လမ်း၌တရွေ့ရွေ့နဲ့ပင် ကြည့်လျက်
နောက်ဆုံး လေးတန်းမြှောက်နောက်ဆုံးတန်းတွင် ငွေရောင်ဘက်အနည်းငယ်ပင်သန်းသောအဖြူမကျ ငွေရောင်မကျ ဂါဝန်ရှည်လှလှအားလက်ညှိုးထိုးပြ၍ဝတ်ကြည့်ရန်ယူခိုင်းပါသည်
လည်ဟိုက် ပန်းခက်ဇာအလှများဖြင့်စီကာချုပ်ထားသောထိုငွေရောင်မကျ အဖြူရောင်မကျ ဂါဝန်ရှည်လေးဟာ သိပ်လှပါသည်
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)