(Uni)
.
.
အမ်း....သားဘာတွေလုပ်နေတာလဲ
ပန်ပန်နဲ့ကွာရှင်းမယ် ဟုတ်လား။
မဒမ်မွန်ဘေးက ဦးမဟာသည် အမ်းအားမေးလိုက်ပါသည်...ဘေးကမဒမ်မွန်ကလဲ ပြန်လာလာချင်း မြင်နေကြားနေရသည်များကြောင့်
ကောင်းလာတဲ့ရောဂါတောင်ပြန်ထချင်တဲ့အထိ အမောစို့ရပါသည်...
ဟင့်အင်း...ပန်ပန်နဲ့ကွာရှင်းဖို့အမေခွင့်မပြုနိုင်ဘူး...သမီး သားကိုစိတ်ဆိုးအောင်လုပ်ထားလို့လား...တောင်းပန်လိုက်လေ သမီးရဲ့ ...။
ပန်ပန် စကားမပြောလာတော့ပါ အမ်းရဲ့ဆုံးဖြတ်ချက်နဲ့ သူမကိုရွေးချယ်ခိုင်းမူအပေါ် သူမ စိတ်နဲ့လူနဲ့မကပ်တော့ပါ
မဒမ်မွန်ဟာလဲ မကွာရှင်းစေချင်တာမို့ ဖြောင်းဖျပေးနေပါသည်
သား...စဉ်းစားပါအုံး...လင်နဲ့မယားဆိုတာ အခက်မသင့်ရင် ရန်ဖစ်ကြ စိတ်ဆိုးစိတ်ကောက်ကြတာ သဘာဝပါပဲ သားကအဲ့လိုကိစ္စတွေအတွက်နဲ့ ကွာရှင်းတာကတော့မဟုတ်သေးဘူးနော်....ထင်မဟာမင်းကရော မပြောဘူးလား...မင်းတူဒီလိုလုပ်နေတာကို။
အမ်းကဆုံးဖြတ်ပြီးပြီမို့လို့ ကျွန်တော်အစ်ကို့ကိုမပြောမိတာပါ..။
ဦးမဟာကသားလုပ်သူကိုလေပြေနဲ့ပြောဆိုကာ စဉ်းစားစေပါသည်
ကျွန်တော် ဒီမိန်းမကိုကွာရှင်းမှာ အတော်ပဲပေါ့ အမေလဲနေကောင်းလို့ပြန်ရောက်လာပြီ အမေ့ရဲ့ချွေးမကိုအခုထဲက အဝကြည့်ထား...သူ့လမ်းကိုသူကိုယ်တိုင်ရွေးလိမ့်မယ်..။
သူ့ကိုအသက်မပါတဲ့မျက်လုံးတွေနဲ့ကြည့်နေသောပန်ပန်ကို စိုက်ကြည့်ကာ အမ်းပြောလိုက်လေသည်...
မင်းရွေး...ဒီမှာလက်မှတ်ထိုးရင် မင်းမိသားစု ဆံချည်တမျှင်တောင်မထိစေရဘူး ပုံမှန်အတိုင်း ငါပြန်လုပ်ပေးမယ် မင်းလက်မှတ်မထိုးရင်တော့ သူတို့ ဘဝပျက်အောင်ငါလုပ်ပြမယ်။
သား.....သားဘာလို့ အဲ့လိုတွေလုပ်နေတာလဲ သမီးကိုအဲ့လိုမလုပ်ပါနဲ့သားရယ် အမေတောင်းပန်ပါတယ် ။
မငိုရုံတမယ် မဒမ်မွန်ကပြောနေလေသည် အမ်းဒီမဟာကအိမ်တော်ကိုရော စီးပွားရေးပါ ယခုဆို အုပ်ချူပ်နေရတဲ့သူမို့လို့ သူ့ကိုတားရမည်မဟုတ်ပါ ဦးမဟာလဲပြောပေးပေမယ့် ယခုမှ သူကအနားယူနေရတယ်မလား...
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)