(Uni)
.
.
.
တီတီ ပန်အပြင်ခနသွားလိုက်အုံးမယ်။
အေးအေးသမီး ဂရုစိုက်သွားနော် ညမမှောင်စေနဲ့ ဒီရပ်ကွက်ကအရင်လိုမဟုတ်တော့ဘူး သူခိုးဂျပိုးတွေနဲ့ ။
ဟုတ်ကဲ့တီတီ။
သူမနေ့ခင်းထမင်းစားချိန်ထဲကအခန်းထဲဝင်အောင်းရင်း စဉ်းစားခဲ့တာ ညနေနေစောင်းတော့မှ သေချာလားဆိုတာ သွားစစ်ကြည့်ဖို့ အပြင်သို့ထွက်လာလေသည်
*******
ကိုယ်ဝန်ကကသုံးပတ်ရျိနေပါပြိ ဂုဏ်ယူပါတယ်ရျင်။
..........။
*ငါဘာလုပ်ရမလဲ ဟူး...ဘယ်တော့မှများသူနဲ့ရေစက်ပျက်မှာလဲ ထပ်ပြီး...ထပ်ပြီးတော့ ဟင့်အင်း ငါ့ဗိုက်ထဲကကလေးကငါ့ကလေးပဲ မယူနိုင်စရာလဲမရှိသလို မကျွေးမွေးနိုင်စရာလဲမရှိဘူး *
သူမအနီးနားဆေးရုံကနေစစ်ကြည့်ခဲ့တာ ဟုတ်နေလေသည် ပြန်လမ်းတစ်လျှောက်လဲ ဗိုက်ကိုကိုင်ပြီး တွေးနေမိသည်...
*ဘာလေးများလဲမသိဘူး အခုတလော ငါအရမ်းစိတ်ကြီးနေတာ သူနဲ့ရှိနေတုန်းကလဲ သူ့ကိုအော်တာတွေရိုက်တာတွေလုပ်ခဲ့သေး*
သူမအပြန်ကိုဂရုတစိုက်နဲ့ပြန်လာရသည် ဗိုက်ကလဲရှိလာပြီမို့ မဆင်မခြင်ထပ်နေထိုင်လို့မရပါ..
သမီးပန် ။
ဘယ်တွေသွားလို့လဲကွယ် တီတီကစိတ်ပူနေတာ။
ဟို....ဟိုလေ.. ။
အင်း...ဘာလဲသမီးပန် တီတီ့ကိုပြော ဘာဖြစ်တာလဲ ။
ပန်အခု...ဗိုက်ကြီးနေတယ်တီတီ။
ဟေ...အမလေးဘယ်လိုတွေဖြစ်တာတုန်းသမီးပန်ရယ် လာပါအုံး လာပါအုံး ဖြေးဖြေးထိုင်...
ပြောပါအုံးသမီးရယ်ဘယ်လိုဖြစ်လို့လဲ အမွှာလေးတွေအဖေနဲ့ပဲလား ဟင်။
တီတီကမေးတော့သူမကခေါင်းသာညိတ်ပြလိုက်သည်..
အဲ့တော့ အမွှာလေးတို့အဖေကမသိဘူးလား သမီးတို့ဒီလိုနေလို့မရဘူးလေကွယ် လက်လဲမထပ်ကြပဲ ဒီလိုကလေးတွေယူနေလို့မဖြစ်ဘူးလေ သူသမီးကိုအနိုင်ကျင့်လိုက်လို့လား။
ВЫ ЧИТАЕТЕ
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)