Uni
.
.
.
မာလာဒီနေ့အစီစဉ်ကဘာလဲ။
ဟို...မပန်ရှင့် မပန်အဖေရောက်နေပါတယ်။
ဟင် ဟုတ်လား... အင်း ငါရုံးခန်းမှာလားအခု။
ဟုတ်ကဲ့ ။
ပီးမှ အချိန်ဇယားနဲ့အစီစဉ်ပြောတော့ အခုလုပ်စရာရှိတာလုပ်ထား။
********
အဖေ ။
လာပြီလား ဘယ်သွားနေတာလဲ နင်အစောကြီးထဲကထွက်သွားတာမဟုတ်လား
အလုပ်ကိုအာရုံမစိုက်ပဲ ဘယ်တွေစိတ်ရောက်နေတာလဲ။
မဒမ်မွန်ဆီသွားနေတာပါ အဖေ
အမ်းနဲ့ကိစ္စကို....။
အမ်းဒီမဟာကနင့်ကိုစိတ်ဝင်စားလား။
စကားဖြတ်ပြောလာတဲ့အဖေဖြစ်သူရဲ့
ထိုစကားဟာနှလုံးသားတခုလုံးပြတ်ထွက်သွားသလိုခံစားရပါသည်.
ပန် စိတ်ဝင်စားတယ်။
တည်ငြိမ်စွာ အတတ်နိုင်ဆုံးပြန်လည်ခွန်းတုံ့ပြန်လိုက်ပါသည်.
တဖက်သတ်ပေါ့ ဟက်.....နင့်အမေလိုထပ်လုပ်မယ်ပေါ့
ဒီတခါတော့ ငါ့နေရာကို အမ်းဒီမဟာကဆက်ခံပီး နင်ကတော့ နင့်အမေပေါ့ ။
အဖေ။
ဘယ်လိုပဲ ဘယ်လိုပဲအမေကဖြားယောင်းပီးသွေးဆောင်ပါစေအုံးတော့
အဖေ့သွေးသမီးကိုမွေးဖွားလာခဲ့တာပဲလေ။ဘာလို့ အဲ့လို ပြောရက်ရတာလဲ။
တော်စမ်းပါ ငါ့သွေး ဟမ် နင်က အဲ့လိုဖြစ်စေကာအုံးတော့ ငါကဘာလုပ်ရမှာလဲ အလိုမတူပဲ ရလာတဲ့သွေးသားပဲလေ အဲ့တော့ ငါ့စိတ်ကလဲ နင့်အပေါ်ရောနင့်အမေအပေါ်ရော အလိုကျမှာမဟုတ်ဘူး။
နင်မှတ်ထား နင့်အမေလိုပဲ နင်လဲအဆုံးသတ်မှာ ။
ကြားဖူးနေကျစကားတွေပါ ပြောတဲ့အခေါက်တိုင်းတော့နာကျင်ရရုံကလွဲလို့ကွဲပြားသွားတာလေးပဲရှိပါတယ်.စိတ်ကိုတင်းရင်း စကားနိုင်မလုချင်တော့ပါ သူဟာကိုယ့်အဖေ အမေသိပ်ချစ်တဲ့လူသား ကောင်းကင်ကအမေလည်းသူမချစ်တဲ့သူကိုစော်ကားရင်ကြိုက်မှာမဟုတ်ပါ.
အဖေ့ရဲ့လာရင်းကိစ္စက။
မြေကွက်ကိစ္စ။
ဘယ်မြေကွက်လဲ။
ESTÁS LEYENDO
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)