(Uni)
.
.
.
အမ်း....ပန်ပြန်တော့မယ်။
အမ်းသည်အန်ကယ်မဟာ၏စာကြည့်ခန်းထဲကထွက်အလာ မပြန်ရသေးသောပန်ပန်နဲ့ဆုံလေသည်..သူမဘေးတွင်လဲအမ်းအမေပါရှိနေသည်
သားပန်ပြန်တော့မယ်တဲ့ သားလိုက်ပို့လိုက်နော် အမေနားတော့မယ်။
သူသည်ဘာမှမပြောလာပါ ရပ်မြဲတိုင်းရပ်နေသည် မဒမ်မွန်သည် အိပ်ခန်းထဲသို့နားရန် ထွက်သွားပါတော့သည်
သူမသည်လဲသူနဲ့မျက်နှာချင်းဆိုင်မှာပင်ရပ်နေလျက်
မင်းနဲ့ငါပြောစရာရှိတယ်
လိုက်ခဲ့။
ကျမနဲ့လား။
သူသည်ရှေ့ကနေထွက်သွားသည်
သူမဟာလဲသူ့နောက်သို့ လက်ကိုင်အိတ်ကိုဆွဲလျက် လိုက်သွားရတော့သည်
ငါ့အမေကို ဆေးကုသဖို့မင်းပြောပေးရမယ်။
ဟင်း...ရှင်သိပီးပီလား...နောက်တစ်ပတ်ကျရင်
ကျမတို့ကိုစေ့စပ်ပေးကြမှာ...အန်တီ့ကိုဆေးကုသစေချင်ရင် ကျမနဲ့လက်ထပ်လိုက် ။
ငါ့အမေသာမင်းရဲ့ဒီစကားကြားရင် ချွေးမတော်ချင်ပါအုံးမလား ငါသိချင်မိသား။
အန်တီကအဲ့လိုပြောခိုင်းလိုက်တယ်...
ရှင်ငြင်းရင် အဲ့လိုသာပြောလိုက်ပါတဲ့။
ငါ့အမေကိုမင်းတော်တော်ပိုင်တာပဲ..တော်ပါပေတယ် မင်းဆိုတဲ့မိန်းမက။
အဲ့တော့ ကျမကိုလက်ထပ်မှာလား။
ငါ့ကိုလက်ထပ်ချင်တာသေချာရဲ့လား..။
သိပ်သေချာတာပေါ့...ကျမရှင့်ကို...ချစ်တယ်အမ်းဒီမဟာ ကျမရှင့်ကိုပိုင်ချင်တယ်။
သူမ၏မျက်ဝန်းများသည် သူ့အားနူးညံ့စွာကြည့်ပီး စတိုင်ဘောင်းဘီအိတ်ကပ်ထဲအားလက်ထည့်လျက် ခန့်ညားစွာရပ်နေသောသူ့အနားသို့
သူမဖြေးညှင်းစွာကပ်ရင်း
ရှင့်ကိုချစ်တယ် ။
သူ့ကိုချစ်တယ်လို့ပြောတိုင်း သူမသည်အလိုလိုကို ပြုံးရိပ်သန်းလာသည်
သူ့ရင်ဘတ်ပေါ်သို့သူမလက်ကိုတင်ကာ
ကြားရဲ့လား...ရှင့်ကိုအရမ်းချစ်တယ်လို့။
သူမသည်သူ့အနားသို့စိတ်မထိန်းနိုင်စွာပင် သူ့နူတ်ခမ်းပါးအားနမ်းရိူက်မိပါသည်...ဒါဟာသူမရဲ့ပထမဆုံးအနမ်းလဲဖြစ်သည် သူကတော့ ပထမဆုံးမဟုတ်ပါ..သူ၏နူတ်ခမ်းများကိုထိတွေ့ချင်နေခဲ့သည့်အချိန်များဟာမနည်းတော့ပါ ယခုထိတွေ့လိုက်ချိန်မှာ သိပ်ကိုကြည်နူးရပါသည်...
ВЫ ЧИТАЕТЕ
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)