Ep-13

13.6K 235 4
                                        

(Uni)
.
.
.
အဖေ ဝါပြန်တော့မယ်နော်...
နောက်ခါ ဝါအလုပ်အားရင် လာခဲ့မယ်နော်အဖေ....အဖေ....အဖေ...။

ကုတင်ပေါ်တစောင်းလှဲနေသောအဖေလုပ်သူကို သူမခေါ်နေပေမယ့်မထူးလာပါ မနေ့ကတောင်ပြုံးနေသေး အိပ်နေတာများလားဆိုပြီးသူမအနီးကို သွားလိုက်ပါသည်

အဖေ....အဖေ....ဝါခေါ်နေတယ်လေ
ကြီးနုရေ ကြီးနု လာပါအုံး အဖေ့ကိုခေါ်မရတော့ဘူး အီးဟီး.....။

သူမအော်ခေါ်သံကြောင့် အိပ်နေတဲ့ ကြီးနုနိုးလာပြီးအပြေးလေးသူမနားသို့ရောက်လာသည်

ဘာဖြစ်တာလဲ ဝါ....။

ဟင့်...ကြီးနု... အဖေ့ကိုခေါ်ပါအုံး ခေါ်မရဘူး....ဟင့်အင့်....ဝါကအဖေ့ကိုပြန်မလို့နူတ်ဆက်နေတာကိုအခုခေါ်မရဘူး အီးဟီး....။

သူမကြောင့်ကြီးနုဟာပြာပြာသလဲဝါ့အဖေနိုင်မော်ကိုစမ်းသပ်ကာကြည့်လေသည်

ဘုရား ဘုရား....နင့်အဖေအသက်မရှိတော့ဘူး ဝါ....ဦးနှောက်သွေးကြောပျက်သွားတာဖြစ်မယ် ဟိုဘက်သုံးအိမ်ကဒေါ်တုတ်လဲ အိပ်နေရင်းခေါ်မရတာ အခုလဲနင့်အဖေ ။

အိမ်ရှင်တို့ ကလေးမ....။

သူမပြန်မှာမို့ဖုန်းဆက်လိုက်တာ ဦးထင်မဟာ သည်အိမ်ရှေ့တွင်ရောက်နေပီ ဒီလိုအဖြစ်ဆိုးကြီးကဘာလဲ လို့သာအော်ပြောလိုက်ချင်ပါသည် ဘာလို့ကံကြမ္မာကရက်စက်ရသည်လဲ

ထင်မဟာအိမ်ထဲမှငိုသံတချို့ကြားရသည်မို့ အထဲသို့ဝင်လာလိုက်ပါသည်

ကလေးမ....။

သူဝင်လာတော့ ကုတင်ပေါ်မှာလှဲနေတဲ့သူလာတုန်းကရီရီမောမောနဲ့နူတ်ဆက်တဲ့ ဦးလေးဖြစ်ပြီး အောက်ကြမ်းပြင်မှာတော့ ကလေးမနဲ့ အဲ့နေ့ကတွေ့ခဲ့တဲ့အန်တီတယောက်

ဦး....ကယ်ပါအုံး အဖေ့ကိုကယ်ပါအုံး..အီးဟီး....ဟင့်။

သူ့ကိုမြင်တော့ကလေးမဟာရုတ်ခြင်းဆိုသလိုပြေးလာကာအကူညီတောင်လာသည်

အေးပါ...အေးပါ....စိတ်အေးအေးထား...ကိုယ်ကြည့်ပေးမယ် နော်....။

သူသည် ထိုလှဲနေသောဦးလေးနားသွားကာ စမ်းကြည့်ပေးတော့ ဟုတ်ပါသည်အသက်မရှိတော့ပါ

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now