(Extra)

43.8K 563 74
                                        

(Uni)
.
.
.
ပန်ရေချိုးတော့မယ် ။

ကိုယ်နဲ့တူတူချိုးမလား။

ဟင် ကိုယ်ရေမချိုးရသေးဘူးလား။

ဟင့်အင်း...ကလေးထိန်းနေရတာ လက်ကနေတောင်ချလို့မရဘူး မင်းသားကအရမ်းငိုတယ် ညစာလဲမစားရသေးဘူး။

ဟောတော်...ဒါဆိုကိုယ်အရင်ချိုးလိုက် ပန် ညစာသွားပြင်ပေးထားမယ် ကိုယ်ရေချိုးပြီးထွက်လာရင်အဆင်သင့်စားလို့ရတာပေါ့ ။

သူမကသူ့ရှေ့ကနေသွားဖို့လုပ်တော့ လက်မောင်းကနေပြန်ဆွဲထားသည့်သူ...သူမကဘာလဲဆိုသည့်အကြည့်နဲ့မော့ကြည့်တော့

ညစာသွားပြင်မနေနဲ့တော့ ရေချိုးနေရင်း ချစ်ကိုပဲညစာအနေနဲ့တစ်ခါထဲ စားလိုက်မယ်လေ။

မျက်ခုံးနက်နက်တွေကိုအမြင်ကတ်စရာကောင်းစွာပင့်ပြလေသည်...

ကိုယ်နော်...။

ကလေးလဲသုံးယောက်ထွက်ပြီးပြီ ဒါပေမဲ့ ဒီကိစ္စသူနဲ့ဖြစ်တိုင်း သူမကအပျိုလေးတစ်ယောက်လို ရင်အစုံကခုန်နေရပါသည် .... သူနဲ့ရှိတဲ့အချိန်တိုင်းက သူမအဖို့တော့ ရင်ဖိုစရာကောင်းတဲ့အခိုက်အတန့်လေးတွေပါ

ကိုယ်မနော်နဲ့...ဒီနေ့ကမင်္ဂလာဦးညလေ ဘာလဲမေ့နေတာလား မနက်ကပဲလက်မှတ်ထိုးတယ် ..ဒီတိုင်းကျော်ချသွားလို့မဖြစ်တဲ့နေ့ကို ။

ဘာတွေကကွာခြားနေလို့လဲကိုယ်ကလဲ အတူတူပဲဟာကို။

သူမကနူတ်ခမ်းဆူကာပြန်ပြောတော့ ခံစားသွားရသည် ဘယ့်နှယ့်ကွာ မင်္ဂလာဦးညပါဆိုတခြားနေ့တွေနဲ့အတူတူပဲလာလုပ်နေတယ်

အွန့်...။

အတူတူပဲမဟုတ်ကြောင်း သူမနောက်စေ့ကိုလက်ဝါးနဲ့အုပ်ကိုင်ကာ နူတ်ခမ်းတစ်စုံကိုနစ်ဝင်သွားသည်အထိ ဖိကပ်ပေးလိုက်သည်...

သူမကလက်ကလေးတွေကိုသူ့ရင်အုပ်ဆီတင်ကာ မတွန်းထုတ်ပဲ ငြိမ်နေ၏...
ခပ်ကြမ်းကြမ်း သူမနူတ်ခမ်းတွေကိုအပေါ်တစ်လွှာ အောက်တစ်လွှာစီ သူ့ရဲ့ညိုတတနူတ်ခမ်းတွေနဲ့ ဆွဲစုပ်ယူလေတော့ သူမအသက်ကလေးပင်မနည်းရအောင်ရူရိူက်နေရသည်...

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now