(Uni)
.
.
.
ရှင်လွှတ်...။ဟင်း....ကိုယ်အိမ်ပြန်လိုက်ပို့မယ် တက်။
ရှင်တို့အဲ့လိုမလုပ်သင့်ဘူးမဟုတ်လား...ရှင်တို့ကြောင့် ကျွန်မအလုပ်ဘယ်လိုဆက်လုပ်ရမှာလဲ လက်အောက်ငယ်သားတွေရှေ့မှာ ကျွန်မသရုပ်ပျက်ခဲ့ရပီ။
ကိုယ်မရည်ရွယ်ပါဘူး ဒါပေမဲ့ မင်းနဲ့သူကဘာမှမှမဆိုင်တော့တာ...ဘာလဲ သူ့ကိုချစ်နေသေးတာပါလို့တော့ ကိုယ့်ကိုမပြောနဲ့နော် ။
ကိုဆင့်ခွန်နောင် ကျွန်မဘဝနဲ့ကျွန်မနေပါရစေ ပြီးတော့ ရှင်လဲ ကျွန်မကိုမကြိုက်ပါနဲ့တော့ ရှင့်လို လူပျိုလူလွတ်ပြည့်စုံနေတဲ့သူတစ်ယောက်က ကျွန်မလိုကလေးအမေနဲ့ လိုက်ဖက်တယ်ထင်နေတာလား ။
လူပျိုလူလွတ်ကကလေးအမေကိုမကြိုက်ရဘူးလို့ မင်းကိုဘယ်သူပြောလဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ပဲ ကိုယ်ချစ်ချင်ချစ်မှာပဲ ကလေးအမေမကလို့ ယောက်ျားချင်းပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှဂရုစိုက်နေစရာမလိုဘူး...။
ကျွန်မကရှင့်ကိုမကြိုက်ဘူးဆိုရင်ရော။
ဒါဆိုရင်တော့ ကြိုက်လာအောင်ကြိုးစားရမှာပေါ့။
ပွဲထဲကထွက်ခဲ့ပြီး သူ့ကားရှိတဲ့ဆီကို သူမကိုခေါ်လာပါသည် သူသည်လဲ စိတ်တိုနေသယောင်ပင်
တော်ပီ ကျွန်မပြန်တော့မယ် ကလေးတွေကိုလဲဝင်ခေါ်ရအုံးမှာ...။
ကိုယ်လိုက်ပို့ပေးမယ်ဆိုနေ။
ကျွန်မတောင်းပန်ပါတယ် ခနလောက်တယောက်ထဲနေပါရစေ ခွင့်ပြုပါအုံး ။
..........။
သူမမျက်နှာက ငိုချင်နေတာကို တင်းခံထားသလိုပုံဖြစ်နေပါသည် သူ့လုပ်ရက်ကြောင့်လား အမ်းဒီမဟာကို နှင်းဆီဝိုင်နဲ့တွေ့လိုက်လို့လား နှင်းဆီဝိုင် အမ်းဒီမဟာ လက်မောင်းကိုဆွဲကိုင်တော့ သူမမျက်လုံးတွေမတည်ငြိမ်ခဲ့ပါ...
သူဟာသူမကိုလွှတ်ပေးပြီး သွားခွင့်ပြုခဲ့သည်
*အဲ့ကောင်က မင်းနဲ့မတန်ဘူးဆိုတာအခုထိမသိသေးဘူးလား ကိုယ်မသိဘူးမထင်နဲ့ မင်းအဲ့ကောင်ကိုကြိုက်ခဲ့တာ ဘယ်နှနှစ်တောင်မို့လို့လဲ *
YOU ARE READING
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)