မင်းမချစ်တော့ဘူးလား...[Ep-24]

34.6K 564 123
                                        

(Uni)
.
.
.
ဟယ်....ကျစ်...ခေါ်သွားပြန်ပြီလားမသိဘူး...။

သူမအလုပ်ကပြန်လာပြီး သားတွေကိုကြိုဖို့လာတော့ အရင်လိုသားတွေကိုမတွေ့ပါချေ..

ဒီရက်ပိုင်းအန်တီမွန်က ကလေးတွေကိုအိမ်တော်ကိုခေါ်ခေါ်သွားတာမို့ အခုလည်းအန်တီမွန်ကလေးတွေကိုခေါ်သွားတယ်ပဲထင်မိပါသည်

မေမေရေ...။

ဟင်။

သူမမဟာအိမ်တော်ကိုသွားဖို့ခြေလှမ်းတုန်းရှိသေး သားငယ်ရဲ့အသံစာစာလေးနဲ့ခေါ်သံကိုကြားလိုက်ရလေသည်..

သားသားတို့ဒီမှာမေမေ။

တွေ့ပါပီ သူမနောက်လှည့်ကြည့်တော့ကလေးတွေ...နောက်ပြီး နောက်ပြီးတော့....သူ...

သူကဘယ်လိုလုပ်သားတွေနဲ့အတူရှိနေရတာလဲ...?
ကလေးတွေလက်ကိုလဲဆွဲထားသေး...သူမကိုရပ်ကြည့်နေတယ်..

သားတွေကသူမဆီကိုပြေးလာပြီးဖက်လေသည်..သူမသားတွေကိုတလှည့်ကြည့်ပြီး...သူ့ကိုတချက်ကြည့်လိုက်တော့ သူဟာ နဂိုအတိုင်း မဟုတ်ဘူး အရင်အတိုင်း ရုပ်တည်နဲ့သာ..သူမကိုကြည့်နေသည်

ဘယ်တွေသွားနေတာလဲ  ဟင်..မေမေကသားတို့ကိုလိုက်ရှာလို့..ဒီမှာပဲစောင့်ပါလို့မေမေမပြောထားဘူးလား..ခွန်း..သားကရောညီလေးကိုမထိန်းပဲ လိုက်သွားနေတာလား။

သားသားချင်းကိုထိန်းပါတယ်..ဖေဖေက...ခေါ်လို့။

ဖေ...ဖေဖေ..ခွန်း။

သူမကသားစကားကြောင့်လန့်သွားရသည် သူကလဲရှိနေတော့ မလုံမလဲနဲ့သားကိုမျက်လုံးများစူးကာကြည့်လိုက်မိသည်..ခွန်းလေးက သူမကြောင့် ငိုမဲ့မဲ့ဖြစ်ကာ ခေါင်းကိုငုံ့ထားသည်

ဖေဖေတဲ့ဦးဦးက...။

အစ်ကိုကိုကြည့်ပြီးချင်းလေးကသူမကိုမဝံ့မရဲပြောလာပါသည်..

ပြန်မယ်...လာ။

ရပ်။

နောက်ဆုံးသူဟာသူမကိုအားယူပြီး စကားတလုံးသာပြောထွက်ခဲ့သည်
သူဘယ်တုန်းကမှသူမကို အရေးတယူမပြုဘူးတော့ အခုသူကအရင်စခေါ်ရတာဟာ တစ်မျိုးဖြစ်နေသည်...နောက်ပြီး စိမ်းသက်တဲ့ခံစားချက်ကြီးဖြစ်ပေါ်လို့နေသည်

အကြွေပန်း /အေႂကြပန္း(U+Z)(Complete) Where stories live. Discover now