EP-(1)

427 50 9
                                    

နောက်နေ့ soobinတို့ကျောင်းသွားရင်း ကျောင်းရောက်တော့ ကန်တင်းထိုင်နေတုန်း ကျောင်းရှေ့အဆောင်ရဲ့ အလယ်တည့်တည့်ကို ဝင်လာတဲ့ ကားအကောင်းစားကြီး နှစ်စီး။ သူတို့နောက်ကပါလာတာ limited နဲ့ထုတ်ထားတဲ့ ဆိုင်ကယ်တစ်စီး။

ထိုယာဥ်အသီးသီးပေါ်မှဆင်းလာကြတဲ့ ကောင်လေးသုံးယောက်။

ပထမကားပေါ်မှ ဆင်းလာတဲ့ကောင်လေးက မျက်မှန်လေးနဲ့ စာအုပ်တွေကိုလက်မှာအပြည့်ကိုင်ကာ လွယ်အိတ်ကိုတစ်ဖက်ကလွယ်ရင်း ကျောင်းထဲဝင်သွားသည်။
ဒုတိယကားပေါ်မှာက ကျောင်းuniformကို ကျကျနနဝတ်ဆင်ကာ ဆံပင်ကို ကျော့နေအောင်ဖြီးထားသည်။ ပြောင်လက်နေတဲ့ဖိနပ်နဲ့ လွယ်အိတ်ကိုကားထဲကဆွဲ​ယူပြီးကောင်မလေးတွေရဲ့ အသည်းကိုဖမ်းစားထားတဲ့ ကိုလူချော။
နောက်က limited နဲ့ထုတ်ထားတဲ့ ဆိုင်ကယ်ပေါ်မှဆင်းလာပြီး helmetကိုချွတ်ကာ ဆံပင်အရှည်ကို ဂျယ်လ်လိမ်းပြီး အနောက်ဘက်သို့သပ်တင်ထားသည့်ပုံစံမျိုးနှင့် မိန်းကလေးတိုင်းရဲ့ idea type။

မိန်းကလေးများကထိုကောင်လေးတွေရဲ့နားမှာ ပတ်လည်ဝိုင်းပြီး အော်ဟစ်နေကြသော်လည်း ကန်တင်းမှာမုန့်စားမပျက်ရှိနေသူကတော့ Soobinတို့သုံးယောက်နှင့် သူတို့သူငယ်ချင်း ယောက်ကလျာလေး Boram။

Soobin- သူတို့က....ဘယ်သူတွေလည်း??

Boram- ......

Kai- ဟဲ့....မေးနေတယ်လေ ram!!

Boram- ပြီးအောင်စားပါရစေဦးဟဲ့။ အိမ်ကဘာမှမစားခဲ့ရဘူး။

Taehyun- မြို...မြို။ နင်ပြီးလည်းသေနေဦးမယ်။

Boram- အစားကလူနဲ့တည့်တယ်လေ။ ပြော....ဘာမေးတာလည်း??

Soobin- အရှေ့ဆောင်မှာ ခုနကဝင်သွားတဲ့ ကောင်လေးသုံးယောက်က ဘယ်သူလည်းလို့။

Boram- Hyunjin ရယ်၊ Yeonjunရယ်၊ နောက်တစ်​ယောက်က beomgyu။ သူတို့က ကျောင်းက Kingတွေလေ။ သူတို့အလုပ်တွေကြောင့် ကျောင်းမတက်တော့တာ။ ထူးထူးဆန်းဆန်း ပြန်လာတယ်ဆိုတော့.... ငါလည်းမသိဘူး။

Taehyun- နင်ကသိတယ်ပေါ့။ အဲ့ကောင်မလေးတွေလိုမျိုး နင်ကသည်းသည်းလှုပ်လား??

Forever[Completed]Where stories live. Discover now