Ep-(35) (End)

355 23 37
                                    

- လမ်းထိပ်ထွက်ပြီး taxi ငှားပြီး မေမေ့အိမ်သို့သွားလိုက်သည်။ -

*မေမေ့ဆီရောက်မှဘဲ အကျိုးအကြောင်းပြော​ပြီး မင်းဆီလာခဲ့မယ် ဆူဘင်း။ အဲ့ဒါကြောင့် စောင့်နေပေးပါ။ ဘာတွေဘဲဖြစ်လာဖြစ်လာ မင်းအတွက်ငါတောင့်ခံလိုက်မယ်...မင်းကို ချစ်တယ် *

- Taxiတစ်စီးကတော့ မိုလန်းရပ်ကွက်သို့ဦးတည်နေခဲ့သည်။ -
.
.
.
Soobin POV:

- ဆေးရုံရောက်တော့ jeong han hyungက အခန်းကြိုယူပေးထား၍ သူအခန်းထဲဝင်ထိုင်နေခဲ့သည်။ အဒေါ်အီက Jeonghan hyungနဲ့ထွက်သွားသည်။ kaiက သူ့ပစ္စည်းတွေနေရာချနေသည်။ -

"Kai...."

"အေး ဘာလဲ"

"Yeonjun hyungလာမယ်ထင်လား။ "

"Hyunjinie hyungပြောသလိုမျိုးဘဲပေါ့...
ယုံကြည်ထားလိုက်ပါလား။ "

"အွန်း....
ငါစိတ်ကြီးထင့်နေလို့....ငါကြိုချိန်းထားတာ။
ငါသူ့ကိုဘယ်လိုဖွင့်ပြောရင်ကောင်းမလည်း။ "

"/Hyung....ကျွန်တော် hyungကိုချစ်တယ်။  / အဲ့လိုပြောလိုက်လေ။ "

"အဲ့လိုဒဲ့ကြီးမပြောချင်ပါဘူး။ ငါရှက်တယ် "

"မင်းကလေ တကယ်လည်းဂျီးများတဲ့ကောင်။
Yeonjun hyungကိုတောင် နှစ်​ယောက်ရှိရင် ရွေးနေဦးမှာ။ မင်းကိုက အချိန်ဆွဲနေလို့ ဒီအချိန်ထိရောက်လာတာ။ အစကတည်းက ဖွင့်ပြောလိုက်ရင် အခုနေစိတ်ပူနေစရာတောင်မလိုဘူး။ "

"မင်းကလည်း....
သူလာမှာပါနော်....သူမလာရင် ငါ့ဆီကိုပေါ်မလာတော့ဘူးလို့ပြောဖူးတယ်။ သတိရနေပေးမယ်တဲ့။ ငါကလည်း မလာခဲ့ရင် ငါ့မျက်စိရှေ့တကယ်ပေါ်မလာနဲ့တော့လို့ ပြန်ပြောခဲ့တာ။ "

"မင်းတို့ကိုက ဂဏန်းတွေ...ကန့်လန့်သမားတွေ။ "

" ဟို.....ငါသေသွာ.....

"Shuu!!!!
စကားများမနေနဲ့တော့....ဒီမှာ ခွဲစိတ်ဖို့ နှစ်နာနာရီဘဲလိုတော့တာ။ အနားယူတော့....။ ဗိုက်ဆာရင်ရေသောက်။ "

"ပေါင်မုန့်ရောမရဘူးလား။ "

"မရဘူး...."

Forever[Completed]Where stories live. Discover now